Unicode...
Lisa ji yongချိန်းတဲ့နေရာကိုလာခဲ့သည်။
Ji yongအကြောင်းကောင်းကောင်းသိတာ
ကြောင့် lisaဘာလက်နက်မှမယူလာပေ။Chaeyoungကိုကယ်ဖိုသက်သက်မဲ့လက်နက်မယူကာလာချင်ပေ။နာရီမှာတစ်နာရိအချိန်စမှတ်ကာji yongလူတွေဆီလျှောက်လာခဲ့သည်။
Lisaကိုအဝေးတစ်နေရာကနေကြည့်နေတဲ့momoနဲ့ mr.yangကလည်းlisaအစီအစဥ်အတိုင်းလုပ်နေကြသည်။
"မင်တို့ဆရာဘယ်မှာလဲ?"
"အထဲမှာ"
Lisaဝင်ဖို့ပြင်တုန်း..
"မင်းဘယ်သူကိုမှမခေါ်လာဘူးမလား?"
"မင်းကဘယ်လိုထင်လို့လဲ?"
"မင်း!"
"တော်တော့..!"
ထိုအချိန်B.Iနဲ့bobbyရောက်လာကာlisaရှေ့ကို လာရင်..
"ဝင်သွားတော့အထဲမှာမင်းကိုစောင့်နေတယ်..!"
B.Iပြောပြိးlisaကိုတစ်ယောက်တည်းအထဲဝင်ခိုင်းလိုက်သည်..Bobbyကတော့lisaကိုစိတ်ပူတဲ့မျက်ဝန်းတစ်စုံနဲ့ ကြည့်နေမိတုန်း..
"မင်းတစ်ခြားသူတွေကို ခေါ်ပြိးဂိုထောင်အနှံလိုက်ပတ်ကြည့်"
B.iအမိန့်ကိုခေါင်းညိမ့်ကာbobbyနဲ့အတူတူလူ၃ယောက်ထွက်သွားသည်..ကျန်ခဲ့တဲ့လူတွေကိုb.iကြည့်ကာ..
"မင်းတို့လဲပတ်ဝန်းကျင်အနီးအနားကိုထပ်ပြိး ကင်းထောက်ထား.."
"ဟုတ်ကဲ့"
Fleshback...
"lisaကအရင်တုန်းကလို့ ခပ်ညံ့ညံ့မဟုတ်တော့ဘူး။သူကောင်မလေးလေးကိုလာကယ်ဖို့အကြံအစည်တစ်ခုနဲ့လာလိမိ့မယ်..အဲဒါကြောင့် အရာရာအသေးစိတ်ပြင်ထား.."
Ji yongစကားကိုကြားတော့
"Lisaကိုကူညီပေးနေတဲ့နောက်ခံရှိတယ်လို့ hyungကပြောချင်တာလား?"
"လွန်ခဲ့တဲ့၃နှစ်ကငါ့တို့သတ်ဖို့လုပ်ခဲ့တဲ့ mr.yangကမသေသေးဘူး။"
"အဲဒါဆိုlisaကိုကူညီနေတာmr.yangပေါ့"
"ငါ့စိတ်ထင်တာကိုပြောတာပါmr.yang lisaကို ကူညီရင်ကူညီနိုင်တယ်"
"ကျွန်တော်ဘာတွေပြင်ဆင်ထားရမလဲ?"
"မနက်ဖြန်lisaဘာတွေကြံစည်ပြိးလာမလဲဆိုတာ မသိပေးမဲ့ငါ့တို့ဘက်ကပိုပြိးပြင်ဆင်ထားရမယ်"