Unicode...
Chaeyoungစကားကိုကြားသည့်တိုင်အောင်lisa ငြိမ်သက်နေပြိး စက္ကန့်တွေတစ်ရွေ့ရွေ့လည်နေတဲ့ timerကိုကြည့်လိုက်မိသည်။
"အားလုံးထွက်သွားပေးပါ"
Lisaစကားကြောင့်momo lisaအနားလာကာ
"Lisa"
"တောင်းဆိုတာပါငါ့တို့ကိုထားခဲ့ပေးပါ"
"Lisaပါသွားရမယ်"
Chaeyoungစကားကြောင့်lisa chaeyoungကို ကြည့်ရင်
"ကိုယ့်မသွားဘူး။chae"
သူမလက်ကိုlisaဆုပ်ကိုင်လိုက်ရင်
"ကိုယ့်chaeအနားမှာရှိနေပေးမယ်"
Lisaစကားကြားတော့သူမပါးပြင်ကနေမျက်ရည်တွေကျလာခဲ့သည်။
"ထွက်သွားပေးပါlisa"
"ကိုယ့်ရအောင်chaeကိုကယ်မယ်.."
Lisaလက်တစ်စုံကchaeyoungခါးကဗုံးကြိးကို ကိုင်ကာတစ်ဖက်ကလက်တစ်စုံကဗုံးကြိုးတစ်ခုကိုဖြတ်ဖို့ကြိုစားနေခဲ့သည်
တစ်ကယ်တော့သူမလုပ်နိုင်ပေ။
တစ်ခုခုမှားယွင်းသွားရင်သူမကိုဆုံးရူံးသွားနိုင်သည်။သူအခုလိုမလုပ်လဲသူမကိုဆုံးရူံးသွားနိုင်သည်။
အဆုံးမဲ့နေတဲ့လမ်းပေါ်ကိုlisaရောက်နေပေးမဲ့
သူစိတ်ထဲမှာတော့chaeyoungကိုရအောင်ကယ်နိုင်ဖို့ပင်။Lisaတွန်းဆုတ်နေတာကြောင့်သူမlisaကိုဝန်မဖြစ်စေချင်ပေ။
"သွားပါတော့lisa..chaeကိုထားခဲ့ပါတော့"
သူမထိုစကားပြောနေမိတာဘယ်နှစ်ကြိမ်ရှိမှန်တောင်မသိတော့ပေ။အချိန်တွေကလည်တစ်ဖြည်းဖြည်းကုန်ဆုံးနေသလိုသူမပါးပြင်ကမျက်ရည်တွေကလည်းတစ်ရွေ့ရွေ့ ကျဆင်းနေသည်
ဘယ်သူမှထိုနေရာကနေထွက်မသွားနိုင်ပေ။
ဗုံးကြိုးကိုဖြတ်ဖိုlisaလက်တစ်စုံကလည်း တုန်လှုပ်နေသလိုသူအခုချိန်ထိကြောက်နေသေးသည်။တရွေ့ရွေ့သွားနေတဲ့အချိန်တွေကိုသူမုန်းမိသည်။သူစိတ်ထဲမှာထင်မြင်ချက်ပေးတဲ့အတိုင်းlisa ကြိုးတစ်ကြိုးကိုဖြတ်ဖို့ဆုံးဖြတ်လိုက်သည်။