Unicode 🌈
အချိန်အတော်ကြာ အိပ်ပျော်နေခဲ့ပြီးမှ နိုးလာတာကြောင့် သူ့ မျက်လုံးတွေကို ကျယ်ကျယ်လေး ဖွင့်ယူလိုက်ရတယ်။ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိတော့ ခက်ထန်တဲ့အကြည့်တွေနဲ့ လူငယ်တစ်ယောက်က သူ့ဘေးမှာ..။ ကျောင်းစည်းကမ်းဖောက်တဲ့ ကျောင်းသားကို အပြစ်ပေးဖို့ ကြံနေတဲ့ အုပ်ကြီးတစ်ယောက် ရဲ့ အကြည့်မျိုး..။
" မင်းက ဘယ်သူလဲ.."
သူပထမဆုံးမေးမိတာ ဒီလူ ဘယ်သူလဲဆိုတာပဲ။ သူနဲ့မသိတဲ့ တစိမ်းတစ်ယောက် က သူ့ဘေးရောက်နေတော့ မေးရတော့မှာပဲလေ။ သူ သတိရလာတဲ့အချိန် ရှိနေရမှာ ဒီလူမဟုတ်ဘဲ သူ့မိသားစု ဖြစ်သင့်တာကို..။
" ငါ ဘယ်သူလဲ တဲ့လား..?"
ထိုလူမှ သူ့မေးခွန်းကို သံယောင်လိုက်၏။ ထင်မှတ်မထားသည့် မေးခွန်းမျိုးမို့ ထင်သည်...မျက်ဝန်းအိမ်တို့က လှုပ်လီလှုပ်လဲ့..။
သူ ဘယ်သူလဲဆိုတာ သေချာပေါက် သိနေတဲ့ ကောင်လေးဆီက ဒီလို မေးခွန်းမျိုး အမေးခံလိုက်ရတာကို ယုံတောင် မယုံနိုင်ဘူး။
" Yao Ming မင်းက ငါ့ဇနီး...Yao Shengဆိုတဲ့ ငါက မင်းရဲ့ ခင်ပွန်း "
Yao Ming?? ဘယ်သူလဲ Yao Mingက?? ငါက Yao Ming မှ မဟုတ်တာ! ငါက Park Tae Hanလေ..!ငါ့မိသားစုရဲ့ မျိုးရိုးက Park..ငါက ကိုရီးယား လူမျိုး..တရုတ်မဟုတ်ဘူးဟ ။ ငါလေးရဲ့ ဘဝ က ဒီနေရာမှာများ လာ ဇာတ်သိမ်းလေသလား?? တရုတ်ပြည်မကြီးမှာလေ?? Accident တစ်ခုနဲ့ ကြုံခဲ့ရ ပေမယ့်လည်း အရှင်လတ်လတ်ကြီး ရှိနေခဲ့သေးတာကိုတော့ ငါ မှတ်မိပါတယ်ဟာ။ ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ ?? ကိုရီးယားကနေ ပေါက်စီမြေကို ဝှီးခနဲ ရောက်သွားတာကြီးက?? ငါလေး သွေးလေခြောက်ခြား အာရုံမှားနေတာပဲ ဖြစ်ရမယ်။ ဒါတွေအကုန်လုံးက အိပ်မက်မက်နေတာလို့ ပြောပေးကြရင် ကောင်းမှာပဲ။
" ခင်ပွန်း??မင်းကလေ..?? "
Tae Hanခမျာ Yao Shengကို လက်ညိုးထိုးမိရုံလေးနဲ့ 'သေချင်လို့လား' ဆိုတဲ့ အကြည့်တွေက သူ့ဆီ ချက်ချင်းဝဲပျံလာတယ်။
YOU ARE READING
ထာဝရအဆုံးတိုင် မြတ်နိုးမည်■ထာဝရအဆုံးတိုင် မြတ်နိုးမည်{Myanmar translation}
Romance[Zawgyi code +Unicode code] Original title ~ Love Him Till Eternity (LHTE) Author ~ @hydrazona Status ~ completed Content ~ Chapter 43+Bonus Category ~ bl, m_preg, reincarnation, romance Translator ~ @KhinYoonJi93 Notes ~ I have permission from ori...