Chapter 《1.2》A New Life

137 21 2
                                    

Unicode 🌈

" ငါ အဆင်​ပြေပါတယ်.. "
Tae Hanရဲ့ပြန်​ဖြေသံက ကြားရတယ်ဆိုရုံ​လေးတင်။

" မင်း ဘာတစ်ခုမှ မမှတ်မိဘူးလား"
Yao Shengတစ်​ယောက် ထပ်​မေးမိခြင်းပင်။

Tae Hanလဲ ခေါင်းရမ်းပြလိုက်​တော့တယ်။ ဟင့်အင်​လေ..သူ အတိတ်​မေ့​နေတာမဟုတ်ဘူး... လူစားထိုးခံလိုက်ရတာ...။  တစ်ခြားတစ်​ယောက်ရဲ့ကိုယ်ထဲ ​လုံးလုံး ရောက်သွားပြီး ပြန်ရှင်သန်လာခဲ့တာ..။ အဲ့ဒီကိစ္စ နှစ်ရပ်က တခြားစီပါပဲ..။ သူရဲ့ အတိတ်အ​ကြောင်း​တွေကို တစ်ခုမှ မေ့မသွားတာ ​သေချာသလို..သူ့လက်ရှိဘဝဖြစ်တဲ့  Yao Mingအ​ကြောင်းကိုလဲ ဘာမှမသိဘူး ။

" မင်း​ ​နောက်​တော့ ဖြည်းဖြည်းချင်း မှတ်မိလာမှာပါ..အခုလိုချိန်မှာ ကိုယ့်ကိုယ်ကို အရမ်း​တွေ ဖိအားမ​ပေးနဲ့ဦး..မှတ်ဥာဏ်​တွေပြန်ရဖို့က အချိန်တစ်ခု​တော့ ယူရမှာပဲမလား ။ "

Yao Mingဆီမှာ သူသ​ဘောကျစရာဆိုလို့ မရှိသ​လောက်နီးနီးဖြစ်​ပေမယ့် မမုန်းရက်ပါဘူး။ Yao's Group ရဲ့ ဒုဥက္က ရာထူး​နေရာမှာ တည်မြဲ​နေနိုင်ဖို့  သူ့ကို အကူအညီဖြစ်​စေတဲ့ လူတစ်​ယောက်က Yao Ming ပါပဲ။  မဟုတ်ရင် သူ့ရာထူးလဲ အလုခံလိုက်ရပြီး ဒုက္ခများရ​တော့မှာ ။

"ငါ...ငါ ဒီ မတိုင်ခင်တုန်းက ဘယ်လိုလူမျိုးလဲ ?"

Yao Sheng တစ်​ယောက် အ​ဖြေကို ချက်ချင်းမ​​ဖြေ...အ​တော်ကြာ တိတ်ဆိတ်​နေပြီးမှ နှုတ်ခမ်းနှစ်လွှာတို့ကို လှုပ်ခတ်​စေ၏။

" လိမ္မာတဲ့ မိန်းက​လေး တစ်​ယောက်လိုပဲ"

စားပွဲ​ပေါ်က ဖန်ခွက်ကို လှမ်းယူရင်း အဆင်မ​ပြေဖြစ်​နေတဲ့ Tae Han​ကြောင့် Yao Sheng ​ရေတစ်ခွက် ထယူ​ပေးလိုက်တယ်။

"​ကျေးဇူး"

Yao Shengလဲ ပြန်ပြီး ​ခေါင်းငြိမ့်ပြလိုက်​တော့တယ်။

​သေမလို ​ရေဆာ​နေတဲ့ Tae Hanက​တော့ အငမ်းမရ ​မော့ချ​နေတာ ဟန်​တောင်မ​ဆောင်နိုင်ဘူး ။

လိမ္မာတဲ့ မိန်းက​လေး ဆိုတာမျိုး မင်း​ပြောလိုက်တယ်​ပေါ့? အ​သေအချာကြီးကို.. ငါက gay!!!! ငါ့ကို မိန်းက​လေးလို့ ဘယ်လိုများ?.....ဒီလူ​တော့ ​ပြောရဲဆိုရဲ ရပ်ကွက်က လာတယ်ထင်ရ။

ထာဝရအဆုံးတိုင် မြတ်နိုးမည်■ထာဝရအဆုံးတိုင် မြတ်နိုးမည်{Myanmar translation}Where stories live. Discover now