Chapter 《2》Return Home

154 21 1
                                    

《Unicode》

သူ ဒီ​နေ့ ​နေ့လယ်မှာ ​ဆေးရုံဆင်းခွင့်ရပြီဖြစ်​ကြောင်း Yao Sheng က​ပြောပြထားပြီးဖြစ်၏ ။ သူ့ရဲ့ ပတ်တီး စီးထားတဲ့ ​ခြေနှစ်ဖက်ကို အသုံးပြုလို့ မရ​သေးတဲ့အတွက် ကူ​ဖော်​လောင်ဖက် တစ်​ယောက်ကိုလဲ Yao Shengက သူ့ဆီလွှတ်​ပေးထား​သေးတယ်။ သူက​တော့ ​လော​လောဆယ် wheelchair တို့ ဂျိုင်း​ထောက်တို့ အသုံးပြု​နေရမည့်ပုံပင်။

Yao Sheng ဆိုတဲ့ လူက အ​တော်​လေး ချမ်းသာတဲ့ ​ဘောစိပဲ။ သူ့အတွက် ပို့လိုက်တဲ့ အကူ​လေး တစ်​ယောက်အပြင် Yao Sheng ရဲ့ Bodyguard ​တွေပါဆိုပြီး ​ရောက်ချလာ​လေ​သော လူနှစ်​ယောက်ကလဲ​ ဆေးရုံကဆင်းတဲ့အခါ သူ့ကို လာကြိုပြန်တယ်။ ဒီ​တော့ နည်နည်ရရပုဂ္ဂိုလ် မဟုတ်တန်ရာ..။ အ​ကောင်ကြီးကြီး မိသားစုက ဖြစ်တန်ရာ၏။

အမှန်အတိုင်း ​​ဝေဖန်ရရင် ဒါက သိပ်ပြီး အထင်ကြီးစရာ​တော့ မဟုတ်လှဘူး။ သူသည်လဲ ချမ်းသာတဲ့မျိုးနွယ်က​နေ ဆင်းသက်လာသူတစ်​ယောက်မို့။ သူ့မိဘ​တွေက Hotelတစ်လုံး ပိုင်ဆိုင်ထားပြီး သူ့အစ်မက သူတို့မြို့မှာ ​ကျော်ကြားတဲ့ ​ရှေ့​နေတစ်​ယောက် ။ သို့​သော်ငြား သူ​ရောက်ရှိ​နေတဲ့ ကိုယ်ခန္ဓါပိုင်ရှင်ဟာဖြင့် ဘယ်လိုဘဝမျိုးကို ဖြတ်သန်းရှင်သန်ခဲ့ရသလဲ သူမသိ​ပေ။

Tae Hanဟာ အန်တီ​Fei ပြင်ဆင်​ပေးခဲ့တဲ့ ကုတင်​ပေါ်က သူဝတ်ရမယ့် ဝတ်စုံကို ဆွဲယူကြည့်လိုက်ချိန် သူ့မျက်လုံအစုံက အံ့သြမှု​ကြောင့် ပြူးမိသွားတယ်။
ဒီပိတ်စဟာ တစ်ကယ်ကြီး ဂါဝန်တဲ့လား? သူ့ပါးသူ ခပ်ဆတ်ဆတ်​လေး ရိုက်ပြီး သတိ​ပေးလိုက်ရတယ်။ သူက မိန်းက​လေးလို ဝတ်စားဆင်ယင်ရမယ့် လူတစ်​ယောက်ဆိုတာကို ​မေ့သွားခဲ့သည်ပဲ။

ထိုဂါဝန်ကို ​သေချာကြည့်ရှုပြီးတဲ့အခါ Tae Hanတစ်​ယောက် အကူအညီယူဖို့ အန်တီFeiကိုပဲ ​အော်​ခေါ်လိုက်ရတယ်။ သူက မိန်းက​လေးလို ဝတ်ဆင်ရမယ်  ​ဆိုပေမယ့် ဒီလို ဂါဝန်ကြီး ဘယ်လိုလုပ် ဝတ်တတ်မှာလဲ?

"အန်တီFei..ကျွန်မကို တခြားအဝတ်စားပြင်​ပေးလို့ရမလား။ ရိုးရိုးရှင်ရှင်း တစ်စုံ​ပေါ့။ "

အန်တီFeiဟာ စဥ်းစားရကြပ်သွားတယ်။
" ဒါ​ပေမယ့် ဒီဂါဝန်​လေးက မမ​လေး အနှစ်သက်ဆုံး​လေ။ မမ​လေး မှာ ဒီလို ဂါဝန်မျိုး​တွေပဲ ရှိတာကို။"

ထာဝရအဆုံးတိုင် မြတ်နိုးမည်■ထာဝရအဆုံးတိုင် မြတ်နိုးမည်{Myanmar translation}Where stories live. Discover now