EP.4 (uni)

436 43 0
                                    

              ❤ ချစ်ခဲ့ပါသည် သို့သော်.... ❤

                              EP.4

Yeol ချာတိတ်အား အခန်းထဲမှာ ထားခဲ့ပြီး အောက်ထပ် ထမင်းစားခန်းဘက်ကို ဝင်ကာ ချာတိတ်အတွက်မနက်စာ ကိုပြင်ဆင် နေလိုက်သည် ။

Yeol pov ' Park Chanyeol... !!!! ဘာလို့နာမည် မမေးခဲ့ရတာလဲ မင်းအဲလောက်တုံးမှန်း အခုမှသိတော့တယ်......

ကိုယ့်ကိုယ်ကို အသံတိတ်ကျိန်ဆဲနေလိုက်သည် ။
Yeol ကြက်စွတ်ပြုတ် ပန်းကန်ကိုင်ကာ ချာတိတ် ရှိရာအခန်းဘက်သို့ တက်လာခဲ့သည် ။ အခန်းတံခါး ခေါက်ပေမယ့် တုံ့ပြန်စကား နတၳိ....
သူများထွက်သွားပြီလား ဟူသော စိုးရိမ်စိတ်က လှိုက်ခနဲ တက်လာသည် ။ တံခါးကို ဆောင့်တွန်းကာ ဝင်သွားလိုက်တော့ ခုတင်ပေါ်တွင် ပုစွန်တုပ်ကလေး အလားကွေးကွေးလေး အိပ်ပျော်နေသော ချာတိတ်ကိုမြင်ကာမှ ရင်ထဲက
အပူလုံးကြီး ကျသွားတော့သည် ။ ယူလာသော စွပ်ပြုတ်ပန်းကန်အား ခုတင်ဘေးရှိ စားပွဲပေါ် ချကာ ချာတိတ်ကို နိုးရန် ပြင်လိုက်သည် ။

Yeol '' ချာတိတ်... ချာတိတ် ''

Yeol လှုပ်နိုးလိုက်လို့ နိုးလာတော့ ချာတိတ်ရဲ့ နှုတ်ခမ်းက အနည်းငယ် ဆူနေသယောင်....

Yeol သဘောကျစွာ ပြုံးရင်း ပွလန်နေသော ချာတိတ်ရဲ့ ဆံပင်ကို ပုံကျအောင် ပြန်ပြင်ပေး နေသည် ။ သူရဲ့အပြုမူကြောင့် ချာတိတ် နှုတ်ခမ်းက ပို၍ဆူထော်လာတော့ yeol အသံထွက်၍ ပင် ရယ်မိသည် ။

လူကို စိုက်ကြည့်ပြီး ရယ်နေသော ရှေ့ကလူကြီး ကြောင့် Kyung စိတ်တိုဒေါသ ထွက်ခြင်းထက် စိတ်ကောက်ချင်စိတ် ဖြစ်မိသည်ကို ကိုယ့်ကိုယ်ကို
အံ့သြမိသည် ။

Yeol '' အဟမ်း.... စွပ်ပြုတ်လေး သောက်လိုက်ပါဦး ပြီးရင် ဆေးသောက်
ရမယ် ''

Kyung '' nae ''

Kyung စွပ်ပြုတ်ပန်းကန် ကို လက်လှမ်း လိုက်တော့

Yeol '' နေ..နေ...ကိုယ်ခွန့်ပေးမယ် ''

Kyung '' nae?? "

Kyung's omma က အမြဲတမ်း Suho ကိုပဲ အရိပ်တကြည့်ကြည့် နဲ့ စောင့်ရှောက်နေတတ် တာမို့တစ်ခါတစ်လေ Kyung လည်း suho လို ဂရုစိုက်ခံချင်မိသည် ။ အခု သူ့ရှေ့က လူကြီးက သူ့ကိုသေချာ ဂရုစိုက်ပေးနေတော့ Kyung ဝမ်းသာမိတာ အမှန်ပင်....။

ချစ်ခဲ့ပါသည်...Where stories live. Discover now