EP.11 (uni)

396 30 0
                                    

ချစ်ခဲ့ပါသည် သို့သော်.... EP. 11

Xing's papa '' Zhang yixing !!!! မင်းဘာတွေ လုပ်နေတာလဲ ''

Xing '' ကျနော်ဘာတွေ လုပ်နေလို့လဲ ''

Xing's PaPa '' ငါမင်းသတင်းတွေ အကုန်ကြား တယ် အဲဒီကောင်လေးကို အိမ်ကမောင်းထုတ် လိုက်ပါ မဟုတ်ရင် မင်း Korea ကို ပြန်ဖို့ မစဉ်းစားနဲ့ ''

Xing ရဲ့အဖေက အရေးပေါ်ဆေးရုံတင်ရတယ် ဟူ၍ xing တရုတ်ကို ခဏပြန်လာခြင်း ဖြစ်သည် xing တရုတ်ပြည်ရောက်မှ သိလိုက်ရတာက သူ့အဖေဟာ သူနဲ့ suho ကိုခွဲချင်သောကြောင့် တမင်လိမ်ညာ ၍ ခေါ်လိုက်တယ်ဆိုတာပါပဲ ။

Xing '' လုံးဝပဲ ကျနော်က ကလေးမဟုတ်တော့ဘူး စဉ်းစားတွေးခေါ်နိုင်တယ် ဒါကြောင့် ကျနော့်ကို ကလေးတစ်ယောက်လို လာပြီး မချုပ်ချယ်ပါနဲ့ ''

Xing's papa '' မင်းမရှက်ဘူးလား ဒါက မှန်တယ်လို့ မင်းထင်နေတာလား ''

Xing '' လူတစ်ယောက်နဲ့ တစ်ယောက်ချစ်တာ ဘာမှားနေလို့လဲ ''

Xing's PaPa '' လူတစ်ယောက်နဲ့ တစ်ယောက် ချစ်တာ မမှားဘူး... အေ မှားနေတာက မင်းချစ် နေတဲ့လူက ယောကျ်ား ဖြစ်နေလို့ပဲ ''

Xing '' Pa !!! ........ Pa ဘယ်လိုပဲတားတား ကျနော်ကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး "

Xing's PaPa '' မင်းနောက်ဆုတ်စရာမလိုပါဘူး ဟိုကောင်လေး နောက်ဆုတ်လိုက်ရင် ဇာတ်လမ်းက ပြီးပြီ...... dàhái သူကို အခန်းထဲထည့်ပိတ် ထားလိုက် ငါ့ခွင့်ပြုချက်မရဘဲ မဖွင့်ပေးနဲ့ ''

Dahai '' ဟုတ်ကဲ့ ''

Xing တရုတ်ပြည်ကို သွားတာ တစ်ပတ်ပြည့် သည်အထိ အဆက်သွယ်မရတော့ xing ကို သတိရတဲ့ စိတ်ကြောင့် Suho ကျန်းမာရေးက အနည်းငယ်ဆိုးလာသည် ။ ထို့အပြင် xing ရဲ့ အဖေက လာပြီး suho နဲ့ Kyung ကို xing နဲ့မပက်သက် ဖို့လာပြောတော့ suho မှာပိုပြီး စိတ် ထိခိုက်သွားရသည် ။

Kyung '' ဒေါက်တာ အခြေနေက အရမ်းစိုးရိမ်ရ လား ''

Dr. " အစားထိုးကုသမှု အမြန်ဆုံးလုပ်သင့်တယ် ကြာရင်လူနာအတွက် မကောင်းဘူး တစ်နေ့ထက် တစ်နေ့ အခြေနေပိုဆိုးလာ တော့ ဒီထက်ပိုပြီး ကျနော်တို့ လက်မနှေးသင့်ဘူး ''

ချစ်ခဲ့ပါသည်...Where stories live. Discover now