EP.17 (uni)

388 29 0
                                    

ချစ်ခဲ့ပါသည် သို့သော်.....

                          EP. 17

♥♥♥♥♥♥♥♥♥♥♥♥♥♥♥

JD '' kyungsoo ဒါက hyung ရဲ့ တိုက်ခန်းပဲ လွတ်လွတ်လပ်လပ် နေနော် ဒီမှာက hyung တစ်ယောက်တည်းပဲ နေတာ အလုပ်ကိုတော့ သဘက်ခါ လောက်မှ ဆင်းကြတာပေါ့ ''

Kyung '' nae ''

တိုက်ခန်းက အရမ်းကြီး မကျယ်ပေမယ့် လူနှစ်ယောက် နေဖို့အတွက်တော့ အတော်အတင့် ကျယ်သည် ။ အခန်းထဲဝင်ပြီး ခုတင်ပေါ်လဲကာ Yeol နဲ့ ထိုကောင်မလေး အကြောင်းကို တွေးရင်း အိပ်ပျော် သွားတော့သည် ။

Kyung အလုပ်စဆင်းတဲ့နေ့....... ( မသိဘူး ကျော်မယ် )

JD '' မစိုးရိမ်နဲ့နော် စိတ်ကိုလျော့ထား သူဌေးက သဘောကောင်းပါတယ် ''

Kyung '' nae ''

ပြောသာ ပြောလိုက်ရတာ စိတ်မလှုပ်ရှားပဲ မနေနိုင် သူဌေးရှေ့တွင် အမှား တစ်စုံ တစ်ရာ လုပ်မိမှာကို စိုးရိမ်နေမိသည် ။ ခဏကြာတော့ တံခါး ဖွင့်သံ နှင့်အတူ လူတစ်ယောက် ဝင်လာသည် ။ kyung ကတော့ စိတ်လှုပ်ရှားနေ၍ မျက်နှာကိုပင် မကြည့်နိုင်ပဲ ဦးညွှတ်ကာ အရိုသေ
ပေးလိုက်သည် ။

JD '' ဥက္ကဋ္ဌ ဒီကောင်လေးက ကျွန်တော် ပြောတဲ့ တစ်ယောက်ပါ သူ့နာမည်ကတော့ Do Kyungsoo တဲ့ ''

Xing '' kyung.... kyungsoo.. ? "

Kyung လည်း ရင်းနှီးနေတဲ့ အသံကြောင့် ဥက္ကဋ္ဌ ဆိုသူအား မော့ကြည့်လိုက်သည် ။

Kyung '' xing hyung...? "

Xing နဲ့ kyung တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးနဲ့ ကြည့်နေသလို Jongdae လည်း သူတို့နှစ်ယောက်ကို အံ့အားသင့်ကာ ကြောင်လျက်နဲ့ ကြည့်နေမိသည် ။

Xing '' ဘယ်လိုဖြစ်ပြီး....... ''

Kyung အနေနဲ့ မမျှော်လင့်ပဲ Xing ကိုတွေ့လိုက် ရတော့ လှိုက်တက်လာတဲ့ ပျော်ရွှင်မှုနဲ့ အားကိုး ရှာတွေ့သလို Xing ကိုလှမ်းကာ ဖက်တွယ် လိုက်သည် ။ Xing ကလည်း အလိုက်သင့်နဲ့ Kyung အား ပြန်လည် ဖက်တွယ်ထားလိုက်သည် ။
Jongdae ကတော့ မေးရိုးအောက်ပြုတ်ကျကာ ဥက္ကဋ္ဌ နဲ့ Kyungsoo ရဲ့ ပက်သက်မှုကို တွေးတော နေမိသည် ။

ချစ်ခဲ့ပါသည်...Where stories live. Discover now