ချစ်ခဲ့ပါသည် သို့သော်.....
EP.8
Yeol အိမ်ရောက်တာနဲ့ မီးဖိုဆောင် ထဲဝင်ကာ အချက်ပြုတ်လုပ်ငန်းစတော့သည် ။
Kyung '' ကျနော် ဘာလုပ်ကူရမလဲ ''
Yeol '' ရပါပြီ တစ်နေ့လုံး လျှောက်သွားထားတော့ ပင်ပန်းနေတယ်မလား ခဏသွားနားလိုက် ပြီးရင်ကိုယ် ခေါ်လိုက်မယ် ''
ပြောကာ တစ်ဖက်လှည့်ပြီး အသီးအရွက်တွေကို ဆေးကြောနေသော yeol
ရုတ်တရက် ခားကိုနောက်က လာဖက်တာကြောင့် yeol လက်ထဲက ပန်းသီးပင် လွတ်ကျသွားသည် ။
Kyung '' ကျနော့်ကို အဲလောက်ထိ အလိုမလိုက် ပါနဲ့ လူကြီးမရှိရင် ကျနော် မနေတတ်ပဲ ဖြစ်လိမ့်မယ် ''
သူ့ခါးကို ဖက်ထားသော လက်သေးသေးလေးကို ဖယ်ကာ Kyung နဲ့မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်သည် ။ Kyung ရဲ့ပခုံးကို ဆုပ်ကိုင်ပြီး မျက်လုံးကို သေချာစိုက်ကြည့်ကာ
Yeol '' ဘာတွေတွေးပြီး ကြောက်နေတာလဲ ချာတိတ်ရယ် ချာတိ်တ် ကိုယ့်ကိုထားမသွား သ၍ ကိုယ်က ချာတိတ်ဘေးနား အမြဲရှိနေမှာပါ ''
Kyung '' လူကြီး ကျနော့်ကို တကယ်
ချစ်တာလားဟင်... ''Yeol pov ' ဒီကလေး ဘာတွေဖြစ်နေပါလိမ့်
Yeol '' omm ကိုယ်ချာတိတ်ကို ပြောမပြတတ် အောင်ကို ချစ်တယ် ချာတိတ်သာ ကိုယ့်အနား ကထွက်သွားရင် ကိုယ်ရူးသွားမလားပဲ ''
ချာတိတ် နဲ့ ဝေးရမယ့်အကြောင်းတွေးမိရင် yeol ရင်ထဲ အဆမတန် နာကျင်လှသည် ။ အနာဂတ် ဆိုတဲ့အရာကို မတွေးချင် လက်ရှိ ပစ္စုပ္ပန် မှာသာ ပျော်စရာများနဲ့ ဖြတ်သန်းသွားချင်သည် ။
Kyung '' ကျနော်လည်း လူကြီးကို အရမ်း
ချစ်တယ် ''ဆိုကာ ရင်ခွင်ထဲ တိုးဝင်လာသော ချာတိတ် ။ yeol မှာတော့ အကြားချင်ဆုံးစကားကို မမျှော်လင့်ပဲ ရုတ်တရက်ကြား လိုက်ရတော့ ကျောက်ရုပ် အလား ကြောင်အစွာ ရပ်နေမိသည် ။
Kyung '' လူကြီး ကျနော့်ကို ဘယ်တော့မှ ထားမသွားရဘူးနော် ကျနော့်မှာ အားကိုးစရာ ဆိုလို့လူကြီး ပဲရှိတော့တယ် ''
YOU ARE READING
ချစ်ခဲ့ပါသည်...
Fanfictionဒီfic လေးကတော့ Do kyungsoo တွင် အဖေရယ် အမေရယ် ညီSuho ရယ် သိပ်ကို ပျော်စရာကောင်းသော မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားခဲ့ရသည် ။ သို့သော် ညီဖြစ်သူတွင် မွေးရာပါ နှလုံးရောဂါ ရှိနေခြင်းကြောင့် အမြဲ စိတ်ပူနေရသည် ။သူ့အသက် ၁၇ နှစ်မှာ မိဘနှစ်ပါးလုံး ကားမောက်သေ...