"မောင် ..."
မပီမသဖိတ်စင်ကျလာသော စကားလုံးတစ်ခုသည် ရှောင်းကျန့်နှုတ်မှခုန်ပေါက်ထွက်လာခြင်းသာဖြစ်သည် ။
"ထပ်ပြီးတော့ တွေ့ရတာ၀မ်းသာပါတယ် "
မထီမဲ့မြင်နှင့် ခပ်ချေချေထိုအပြုံးသည် လွန်ခဲ့သော ၆နှစ်ကအတိုင်း လက်ရာမယွင်း တည်မြဲလျက် ။
"ဟမ် ... ထပ်ပြီးတော့ မင်းတို့နှစ်ယောက်က အသိလား "
ကျိုးချန်သည် အ,သည်လား ။ တုံးသည်လား ။ အလိုက်ကမ်းဆိုးမသိသည်လား ရှောင်းကျန့်မတွေးတတ်။ စပ်စုသည်လည်းဖြစ်ကောင်းဖြစ်နေနိုင်သေးသည် ။
"ကျောင်း .. ကျောင်းတုန်းက ဂျူနီယာလေ"
အထစ်ထစ်အငေါ့ငေါ့နဲ့ပင် ရှောင်းကျန့် ပြန်ဖြေမိသည် ။ မဟုတ်ပါဟုမငြင်းသော်ငြား ၀မ်ရိပေါ်ထံမှ မျက်ခုံးပင့်သော ခပ်လှောင်လှောင်အကြည့်ကိုမူ ရှောင်းကျန့်လက်ခံရရှိလိုက်သည် ။
" အော် အဲ့ဒါဆိုလည်းအတော်ပဲ ။ အခုတော့ ငါအကုန်ရှင်းပြပြီးပြီ ။ ဒီဘက်က လူကြီးမင်းရဲ့ ဆုံးဖြတ်ချက်ပဲကျန်တော့တာ "
ကျိုးချန်က သူ၏ အလုပ်ကြိုးစားသည့် ၀သီအတိုင်း သူ့အလုပ်ပြီးမြောက်ကြောင်းဂုဏ်ယူစွာပြောသော်ငြား တဖက်မှတုန့်ပြန်လာသည့် စကားမှာ ကျိုးချန်အား ဒေါသဖြစ်စေကာ ကော်ဖီဆိုင်မှ ထပြန်သွားစေသည်အထိစွမ်းသည် ။ ရိပေါ်ပြောလိုက်သည်ကား
"ဒီက အကိုရှင်းပြသွားတာကို ကျွန်တော်နားမလည်ဘူး ။ ကောကောပြန်ရှင်းပြနိုင်မလား" ဟူ၍ဖြစ်သည် ။
ရှောင်းကျန့်စိတ်မရှည်ပါ ။ မဟုတ် စိတ်မရှည်ချင်ဟုပြောပါက ပိုမှန်လိမ့်မည် ။ ၀မ်ရိပေါ်အပေါ် ရှောင်းကျန့် စိတ်မရှည်ချင်ပါ ။ တစ်လျှောက်လုံး လွမ်းနေခဲ့သည်ကို ၀န်ခံပါသော်ငြား ၊ တွေ့ခါစ၌ အံ့အားသင့်သွားသည်ဟူသည့် အမှန်တရားကို လက်ခံပါသော်ငြား ၀မ်ရိပေါ်ဟူသည့်လူသားကိုမူ လက်မခံပါချေ။ ထို့အပြင် ချစ်စရာကောင်းသည်ဟု ထင်ခဲ့ဖူးသော မထုံတတ်တေးအမူအရာများကိုပင် ယခုမူ ရှောင်းကျန့်စိတ်ကုန်နေမိသည် ။