Part-8

98.3K 8K 182
                                    

Zawgyi

"ဒါဆိုမင်းကိုသူ့condoလာနေဖို့ ခွင့်ပြုလိုက်တယ်ဆိုပါတော့"

တေဇာကBlack labelနဲ့​ရေခဲစပ်ထားတဲ့ဖန်ခွက်ကိုတစ်ကျိုက်မော့လိုက်ရင်းပြောလာခြင်းဖြစ်သည်။မိုးသားနဲ့တေဇာဒီည nightclubတစ်ခုရောက်နေကြတာဖြစ်၏ပြီးတော့ဒီclubကသူတို့အမြဲလာနေကျ။ဆိုင်ရှင်အကိုနဲ့တောင်ရင်းရင်းနှီးနှီးဖြစ်နေကြပြီ။

မိုးသားတို့ clubလာမယ့်ညတွေဆို ကောင်လေးတွေ အတော်များများရောက်လာလေ့ရှိသည်။ဆိုင်ရှင်အကိုကသူ့clubလူစည်ကားဖို့အရေး ပြောကောင်းပြောထားပါလိမ့်မည်။သူနဲ့တေဇာ မလာတာကြာရင်တောင်မန်နေဂျာအကိုက ဖုန်းဆက်လာဖို့ခေါ်တတ်ပါသေးသည်။'မင်းတို့လာမှငါ့clubကလူစည်တာကွ' လို့လည်းပြောသေး၏Clubအတွင်း မြူးကြွတဲ့ DJ music သံတွေနဲ့ဆူညံနေလေသည်။သူတို့က VVIP နေရာမှာဖြစ်၏

"အေးကွာ၊ငါကအလုပ်မရှိသေးလို့ အခက်အခဲဖြစ်နေလို့ပါအဲ့လောက်လေးပြောရုံနဲ့ ငါ့ကိုကိုယ်ချင်းတွေစာဇွတ်တွေသနားနေပုံပဲ၊ သူ့ကြည့်ရတာနည်းနည်းweakဖြစ်ပုံရတယ်၊အပေါင်းအသင်းလည်းများများစားစားရှိပုံမရဘူး၊လူတွေကိုအယုံလွယ်တဲ့သဘောမှာရှိတယ်ကွာ

ငါ့ပုံစံက ဟော့ဟော့ရမ်းရမ်းထဲမပါဘူးပဲထား၊ပစ်ယုံလိုက်ဖို့အထိလည်းမလိုသေးဘူးလေ၊သူ့ကိုငါ့ အကိုဝမ်းကွဲနဲ့တူတယ်လို့ပြောထားလို့ဇွတ်တွေယုံနေတာလားတော့မသိဘူး၊ပြီးတော့သူ့အမေရဲ့အုပ်ထိန်းပုံစံသွင်းမှုအောက်မှာကြီးလာတော့သူ့ပုံစံကခေါက်ရိုးကျိုးနေတဲ့ပုံစံခွက်ထဲကထွက်လာမှန်းသိသာနေတယ်၊ငါပြောချင်တာက လူတွေရဲ့မာယာအကြောင်းကောင်းကောင်းမသိဘူးကွာ

သူသိတာ သူ့အမေရယ် သူ့လူနာတွေရယ် သူအယုံလွယ်တာကြီးကတော်တော်ဆိုးတယ်ကွ ဥပမာငါကသူထင်သလောက်ယုံကြည်ချင်စရာမကောင်းတဲ့သူဖြစ်နေရင်ဘယ်လိုလုပ်မလဲ၊ငါမဟုတ်တဲ့တစ်ခြားတစ်ယောက်ယောက်ဆိုရင်လည်းသူကယုံနေဦးမှာပဲ

ရိုးလွန်းနေတယ်ကွာ၊သူ့အမေအနေနဲ့ကျတော့လည်း သူ့သားသူယုံကြည်နေမယ်၊ သူ့စကားနားထောင်တာကို သူ့သားကဆေးခန်းနဲ့condoအပြင်လျှောက်သွားနမယ့်သူမဟုတ်တော့ စိတ်ချနေတာလည်းဖြစ်နိုင်တယ်သူ့သားက အရွယ်ရောက်ပြီးသားလည်းဖြစ်နေတော့ အပြင်မှာနေလည်းကိစ္စမရှိဘူးတွေးနေမှာ သူ့သားကလိမ္မာတာကို၊

ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now