Extra-3

146K 5.9K 350
                                    

အိပ်ရာကနိုးလာတာနဲ့မျက်နှာကျက်အဖြူတွေကိုစိုက်ကြည့်နေမိသည်။ဒါသူ့တိုက်ခန်းမဟုတ်တာသေချာ၏တစ်ခြားနေရာတစ်ခုခုကိုရောက်နေကာ သူ့တိုက်ခန်းကအိပ်ရာမဟုတ်တာကိုအနေအထားအရသိလိုက်သည်။ဒါဆိုသူဘယ်ကိုရောက်နေတာလဲ။သူမြန်မာနိုင်ငံကိုပြန်ရောက်တာသုံးရက်ပဲရှိသေးသည်။

ညကသူမူးနေတာကိုတော့‌ကောင်းကောင်းမှတ်မိသည်။အဲ့ဒီနောက်သူဘယ်ရောက်လာတာလဲဆိုတာမမှတ်မိ။ညကခေါင်းမ‌ထောင်နိုင်အောင်မူးနေတာပဲသိသည်။သူရိန်တို့ကောင်တွေသူ့ကိုဘယ်ပို့ပေးလိုက်ကြတာလဲ။ဒီနေရာကိုသူမသိ။

"အာ့!ကျွတ်!ကျွတ်!"

ကိုက်ခဲနေတဲ့ခေါင်းကိုအသာဖိထားရင်းထထိုင်ဖို့လုပ်လိုက်လျှင်

"ဟင်!"

ကိုယ်ပေါ်မှာညကဝတ်ထားတဲ့အင်္ကျီကရှိမနေတော့။ဟား ညကတော်တော်မူးသွားခဲ့တာပဲ။ပြီးတော့ ရင်ခွင်တစ်ခုထဲရောက်နေတာကိုပါတစ်ဆက်တည်းသိလိုက်၏သူ့ဘေးကဘယ်သူလဲ။ဘေးကတစ်ယောက်ကအိပ်နေတုန်းပင်ရှိသေးသည်။အသာထကြည့်လိုက်မှသူရိန်ဖြစ်နေသည်။သူရိန်ကဘယ်လိုဖြစ်လို့သူ့ဘေးကိုရောက်နေရတာလဲ။

မျက်ခုံးထင်းထင်း၊နှာတံပေါ်ပေါ်၊နှုတ်ခမ်းတွေကပိရိသေသပ်ကာအိပ်ပျော်နေတဲ့သူရိန်မျက်နှာချောချောကိုစိုက်ကြည့်နေမိသည်။သူရိန်တို့အဖွဲ့ထဲသူရိန်နဲ့တေဇာကSocialအကောင်းဆုံးလို့ပြောလို့ရသည်။သူရိန်သူ့အပေါ် တစ်ခြားသူတွေထက်အရေးပေးဆက်ဆံတတ်တာကိုသတိထားမိသည်။ဩဇီလာတိုင်းသူ့ကိုအမြဲရစ်၏ပြီးတော့မူးလာတိုင်းအတင်းဆွဲနမ်းတတ်သေးသည်။

စောင်အထပ်ထပ်ကိုဖယ်ခွာ၍ထထိုင်လိုက်လျှင်

"ဟင်!"

သူ့ရင်ဘက်နဲ့ဗိုက်ချက်ချပ်ပေါ်မှာအနီစက်တွေနေရာမလပ်ရှိနေ၏သံသယကြောင့်အောက်ပိုင်းကစောင်ကိုပါဆွဲမကြည့်လိုက်သည်။သူ့အောက်ပိုင်းတစ်ခုလုံးဘာအ၀တ်မှရှိမနေ။ဒါဆိုသူ့ကိုသူရိန်...

ဒေါသကငယ်ထိပ်အထိဆောင့်တက်လာသလားတောင်ထင်ရ၏အဲ့လောက်ကြီးထိလုပ်ပစ်စရာလိုလို့လား။ဒေါသနဲ့ခံပြင်းစိတ်တို့ပေါင်းကာလူသတ်ချင်စိတ်ပါပေါက်လာရသည်။

🎉 You've finished reading ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသား 🎉
ကျွန်​တော့်​ရဲ့​ကောင်းကင်​(သို့မဟုတ်)မိုးသားWhere stories live. Discover now