Zawgyi
မေမေကဆေးခန်းကအပြန်အိမ်ခဏဝင်ခဲ့ပါဆို၍ အိမ်ကိုအရင်ဝင်လာခဲ့ရသည်သူနဲ့မိုးသားပတ်သတ်နေတဲ့အကြောင်း နဒီမေမေ့ကိုပြောပြလိုက်ပြီထင်သည်။မေမေ မေးလာမယ့်မေးခွန်းတွေကိုဖြေဖို့အတွက်အဆင်သင့်မဖြစ်သေး။သူ့စိတ်ထဲ လေးနေသည်။သူမေ့ထားခဲ့တဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ရတော့မည်ထင်၏သူဒီအခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သော်လည်းတစ်ကယ်တမ်းကြုံလာရတော့ အဆင်သင့်ဖြစ်မနေပြန်။
အိမ်ထဲခြေချသည်နှင့်မေမေက ဧည့်ခန်းထဲအသင့်စောင့်ဆိုင်းလို့နေသည်။မေမေ့ဘေးအသာဝင်ထိုင်တော့ သူ့ကိုပွေ့ဖက်ကြိုဆို၏
"မေမေ့သားလေး မွေးနေ့မှာ ကောင်းကောင်းပျော်ခဲ့ရဲ့လား မေမေ ပေးတဲ့လက်ဆောင်ကိုရော ကြိုက်ရဲ့လား"
"ဟုတ် ကြိုက်ပါတယ်မေမေရဲ့၊မေမေ့လက်ဆောင်ကအကောင်းဆုံးပဲ"
ပြောရင်းနဲ့မေမေ့ပါးပြင်နုနုကိုတစ်ချက်မွှေးကြူတော့မေမေကအလိုက်သင့်ပြန်လည်ပွေ့ဖက်သည်။
"မေမေ ပြောစရာရှိတယ်သား"
မေမေက သူ့မျက်နှာကိုငေးကြည့်ရင်းပြောသည်။
"ဟို ပြောလေမေမေ၊ဘာပြောဖို့လဲ"
"မနေ့က စုစု အိမ်ကိုလာတယ်သား၊နဒီနဲ့သားကို နေရာချပေးချင်ပြီတဲ့၊နဒီနဲ့သားကိုလက်ထပ်ပေးဖို့ပြောနေတာ၊သားဘွဲ့ယူပြီးကတည်းက၊သားကလွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုလို့ မေမေခွင့်ပြုပေးထားခဲ့တာ၊မိန်းကလေးရှင်ဘက်က စပြောနေပြီဆိုတော့ထပ်ငြင်းလို့လည်းမကောင်းတော့ဘူးသား၊ မေမေ စေ့စပ်ဖို့ကိစ္စသဘောတူလိုက်ပြီ။သားဖေဖေကလည်းမကန့်ကွက်ဘူး၊သားသဘောထားကရော"
"ဟို မေမေ သား"
တစ်ကယ်တမ်းကျသူဘာပြောရမယ်မှန်းမသိပေ။မိုးသားနဲ့သူ့အကြောင်းပြောလိုက်ရင် မေမေသူ့ကို စိတ်ပျက်သွားမှာလား။တစ်ချိန်ကျ နဒီ့ကိုပဲလက်ထပ်ရမယ့်အကြောင်း မေမေက အစကတည်းကပြောထားပြီးသားပင်။
"သား နဒီပြောတာအမှန်ပဲလား၊သား"
"နဒီက ဘာပြောလို့လဲမေမေ"
YOU ARE READING
ကျွန်တော့်ရဲ့ကောင်းကင်(သို့မဟုတ်)မိုးသား
FantasyGenre :BL/Yaoi/Fantasy Warning:Smut/Mature/Romance High boss လူဆိုးလေးနဲ့ innocentဒေါက်တာလေးတို့ရဲ့ Romance ဆန်ဆန် ဇာတ်လမ်းလေး။ စိတ်ကူးယဉ်ဝတ္ထုဖြစ်ပါတယ်။လက်တွေ့ဘဝနဲ့လွန်စွာ ကွာခြားပါတယ်။