{1} (U&Z)

6.4K 294 29
                                    

(Unicode)

"ကျွီ ...!!"

"ဒုန်း ....! "

ဟာ သွားပြီ ....

ပတ်ခ်ချန်ညောလ် တစ်ယောက်မနက်စောစော ငယ်ထိပ်မြွေပေါက်ပြီ ....

Meeting ကအရေးကြီးနေပါတယ်ဆို စမုံတုံးပါပြီ ....

ကားပေါ်မှအမြန်ဆင်းကာ ကိုယ့်ကားနဲ့ တိုက်မိသွားတဲ့ စက်ဘီးလေးအားအပြေးကြည့်ရတော့သည် ....

" ဟို ... ဆော .... ဆောရီးနော် ကိုယ့်ကြောင့် ဘယ်နားထိသွားသေးလဲ ဆေးရုံပို့ပေးရမလား "

စက်ဘီးကို ကောက်ထောင်လိုက်ပြီး ဟိုခါသည်ခါနှင့် ဂျလေဘီ စတိုင်လ်၀တ်ဆင်ထားသည့် ဆံပင်ဖြူဖြူလုံးလုံးကလေးနှင့်ကောင်လေးကတော့ ...

ပြာပြာသလဲ မေးမြန်းနေသော်လည်း ဂရုစိုက်ခြင်း တစ်စွန်းတစ်စပင်မရှိ ...

"ရတယ် ရတယ် ကျွန်တော်ဘာမှ မဖြစ်ဘူး ဘဲကြီးကားကော ဘယ်နားထိသွားသေးလဲ "

ဟင် ဒီကောင်လေးစိတ်ကောမှန်ရဲ့လား

၀င်အတိုက်ခံရတော့ဖြင့်သူ

ကျွန်တော့်ကားကို ပြန်တောင်မှအဆင်ပြေရဲ့လားမေးနေသေးတယ် ကျွန်တော်တိုက်မိလိုက်တဲ့အရှိန်ကြောင့်များ ခေါင်းထိပြီး စိတ်ကစဥ်ကလျားဖြစ်သွားတာများလား ...

"ဘဲကြီး ကျွန်တော်မေးနေတယ်လေ"

"အာ ကိုယ့်ကားကအဆင်ပြေပါတယ် မင်းကော အဆင်ပြေရဲ့လား "

"ကျွန်တော်ကအေးဆေး လက်လေးနည်းနည်းထိသွားယုံပဲ ဘဲကြီးသာ နောက်ဆို ကားကိုဗရမ်းဗတာမမောင်းမိစေနဲ့ဦး ကျွန်တော်မို့သာပေါ့ တစ်ခြားတစ်ယောက်သာဆိုရင် ဘဲကြီးကိုဂွင်ဖန်ပြီး ငွေညှစ်ပြီးသွားလောက်ပြီ ကျွန်တော်သွားလိုက်ဦးမယ်ဗျာ"

ဟောဗျာ ကလေးက ကျုပ်ကိုမှပြန်သင်ပြသွားတာပါတဲ့ ...

ဘယ်လိုကောင်လေးလဲမသိဘူး

ချစ်တော့ချစ်စရာလေးဗျာ့

ဟိုက် ငါဘာတွေစဥ်းစားနေမိတာလဲ အဲ့ကလေးလေးက ယောကျာ်းလေးတစ်ယောက်ပဲကို

ပတ်ခ်ချန်ညောလ် တစ်ယောက်ကတော့ ပြုံးစိပြုံးစိနှင့် ကားပေါ်ပြန်တက်ကာမောင်းထွက်သွားသည့်အထိ သစ်ပင်အကွယ်လေးမှ တိတ်တိတ်ကလေးချောင်းကြည့်နေသူကတော့

💜 BABY YOU ARE 💜Where stories live. Discover now