{2} (U&Z)

2.5K 267 28
                                    

...

(Unicode)

" ဂျုံအင်  ဦးငယ်​စုံစမ်းခိုင်းထားတဲ့ ကိစ္စ ဘယ်လိုလဲ "

ကုမ္ပဏီ ရောက်တာနှင့် ဒီကိစ္စကြီးသာ ​မေးမြန်းနေတဲ့ ဦးငယ်ကို ဂျုံအင် သိပ်မကြည်ချင်တော့ပါ

ဘယ့်နှယ့်ဗျာ အသက်ကြီးမှ နုရွနေချင်သေးတယ်

ဂျုံအင်တို့အတွက်က ဒီလိုကိစ္စပိစိလေးတွေအတွက်က သိပ်မခက်ပါဘူး

၂ ရက်လောက်စုံစမ်းလိုက်ရင်ကို သတင်းအပြည့်အစုံကရပြီးသာ

ဦးငယ်အကျိုး ကူညီလိုက်လို့ အထက်တန်းကျောင်းသားလေးနဲ့တောင်တွေ့ခဲ့ရသေး

ပုလုံးကလေး ရင်ထဲကို တန်းထိတာ ကျောက်ရုပ်ပုံစံအေးတိအေးစက်နဲ့ ဘုဆက်ဆက်ကပြောတက်သေး

မသိဘူး ငြိ့တယ် အဲ့ပိစိကို

ဦးငယ် သိသွားရင်တော့ ဂျုံအင်တော့ အခွီခံရကိန်းရရှိတယ် ...

"ဟိတ်ကောင် ကင်မ်ဂျုံအင် မေးနေတာမဖြေပဲ ဘာတွေကြိတ်ပြုံးနေတာလဲကွ လူက်ိုစိတ်မရှည်အောင် "

ရုံးခန်းအတွင်း၌ တူ၀ရီးနှစ်ယောက်ထဲရှိလို့သာ

အပြင်လူတစ်ယောက်ယောက်သာရှိနေခဲ့ပါရင် ဘာမဟုတ်တဲ့

ဘဲကိစ္စစလေးကြောင့် တူ၀ရီးနှစ်ယောက် ငြင်းခုံနေကြတာ လူကြားလို့ပင်ကောင်းမည်မထင်ပေါင်

ကင်မ်ဂျုံအင်တို့က ခုလို လယ်ဗယ်မြင့်တဲ့ အတွေးအခေါ်တွေလဲ တွေးတော်တက်သား ။

"ကိစ္စ အ၀၀ကို ကျွန်တော် သိပြီးပါပြီဗျာ"

"မင်းသိယုံနဲ့ပြီးမလားကွ ငါသိချင်လို့ စုံစမ်းခိုင်းတာကို မင်းသိယုံနဲ့ ပြီးရရောတဲ့လားကွ"

"ဥိီးငယ်လဲ သိရစေပါ့မယ် ဦးငယ်ရယ် စိတ်လျော့ ဘယ့်နှယ့် ရန်ကြီးလိမ့်တွေ့နေတယ် အခုနေ့လယ်စာ စားချိန်လဲရောက်နေပြီ လာသွားကြမယ်"

"ဟိတ်ကောင် ဂျုံအင် စကားလမ်းကြောင်းမလွှဲစမ်းနဲ့ နေ့လယ်စာကအရေးမကြီးဘူး ငါမေးတဲ့အကြောင်းအရင်ရှင်း "

"ဦးငယ် နဲ့တော့ခက်ပြီ အခုနေ့လယ်စာစားဖို့သွားရမယ့်ဆိုင်က ဦးငယ် ရဲ့အနာဂါတ်သတ်ိုးသားလောင်းလေး ဖွင့်ထားတဲ့ Cafe ကိုသွားမှာ ဟိုရောက်မှ ဟန်ဆောင်ပန်ဆောင် ကိတ်နဲ့ကော်ဖီ ရောကြိတ်တော့ လာသွားမယ် ဟို game ဂျပိုးက ဆိုင်မှာအမြဲတမ်းရှိတာမဟုတ်ဘူး "

💜 BABY YOU ARE 💜Tempat cerita menjadi hidup. Temukan sekarang