{4} (U&Z)

2.2K 210 18
                                    

(Unicode)

Phone Contacts လေးထဲ၌ HYUN Nge လို့ရေးထားသည်လေးကို အချိန်များစွာ ကြာသည့်တိုင်အောင် စိုက်ကြည့်နေမိတယ် .....

၁စင်တီမီတာ အကွာအဝေးသာသာ ရှိတော့သည့် လက်မလေးနှင့် ထို Phone Contacts .....

"ဟူး ..... ခေါ်လိုက်သင့်လား မဖြစ်သေးပါဘူး ဒီအချိန်လောက်ဆို သူအိပ်နေလောက်ပါပြီ "

အိပ်ယာထပ် ၌ ဟိုလှိမ့်သည်လှိမ့်ဖြစ်သာ မရိုးမယွနဲ့ အိပ်မရနိုင်သော ပတ်ခ်ချန်ညောလ် .....

"ဟျွန်းငယ် .... ဗြောင်ဘတ်ခ်ဟျွန်းဆိုတဲ့ မင်းလေးရဲ့ အသံကိုသာ အခုအချိန်မှာ ကြားနိုင်မယ်ဆိုရင် ကိုယ် အိမ်မက်ကောင်းတွေနဲ့ ပျော်မွေ့နိုင်မယ်ထင်တယ် ...."

အခန်းနံရံ၌ ကပ်တွယ်ထားသည့် နာရီလေး၏ လက်တံတို့က 11:11

မနက်ဖြန်အတွက် သူလေးက်ို ပေးဖို့အတွက် ပြင်ဆင်ထားသည့် လက်ဆောင်တ်ို့ကလဲ အခန်းထောင့်လေး၌ အစုလိုက်အပြုံလိုက်ပင် .....

"Yaobosaeyoo!"

ဟင် .....

ဘယ်ကထွက်လာတဲ့ အသံပါလဲ ....

အမ် .....

ဟျွန်းငယ် ဆိုတဲ့ Contacts လေးက စက္ကန့်တွေကိုရေတွက်နေပြီဖြစ်သော အ၀င်ကောလေး တစ်ခု .....

ဟိုလှိမ့် ဒီလှိမ့်နှင့် ထိမိသွားတာထင်တယ် ...

"Yaobosaeyoo..... ဘဲလေး"

အသံက မထွက် သူ့ဆိုရင်ကို အလိုလိုရှိန်နေတာက ဘာကြောင့်များလဲနော် ....

"ဟာ .... ဘဲကြီး ကျွန်တော့် ဖုန်းနံပါတ်ဘယ်ကရတာလဲဗျာ့ "

အူယားစရာ ကောင်လေး၏ အသံစူးစူးက နားထဲသို့ ကွက်တိရောက်ဆိုက်  .....

"ကိုယ်က ချစ်ရတဲ့ သူပဲလေ  ... မရရအောင်ကြိုးစားရတာပေါ့ ...."

"ထားပါတော့ ဘဲကြီးက မအိပ်သေးဘူးလား .... အချိန်လေးဘာလေးလဲပြန်ကြည့်ဦး ... "

စိုးရိမ်တာပဲလား အကဲပိုတာပဲလားတော့မသ်ိပေမယ့် ....

စပ်စပ်စုစုမေးမြန်းတက်လိုက်တာလို့တော့ မပြောရက်ပါဘူး....

"ကိုယ်က ခဏနေအိပ်တော့မှာ ဘဲလေးကကော မအိပ်သေးဘူးလား အခုချိန်အထိ ဘာတွေလုပ်နေတာလဲ ."

💜 BABY YOU ARE 💜Onde histórias criam vida. Descubra agora