{8} (U&Z)

408 40 6
                                    

(Unicode)

ဟောင်ကောင်ရဲ့ ညနက်သည်အထိ စုံစုံလင်လင်နှင့် လှပနေသော ရှူ့ခင်းကတကယ်ကြည့်မ၀ပါ

ညဈေးတန်းက ညအတော်နက်သည့်အထိရှိတာကြောင့် စားချင်တာစား ရှယ်ပဲ

အစကတော့ ဟိုတယ်တစ်ခု၌ညစာစားဖို့ ပြင်ဆင်ထားပေမယ့်

ဘတ်ခ်ဟျွန်း၏ ပူဆာမှု့ကြောင့် ညဈေးတန်းဘက်သို့ခြေဆန့်လိုက်ကြတာပေါ့

ခေါက်ဆွဲဆိုင် ထမင်းကြော်ဆိုင် ဒုတ်ထိုး အချိုဆိုင်
တကယ်စုံလင်တာပေါ့

ဗြောင်ဘတ်ခ်ဟျွန်းတို့ရဲ့အကြိုက်ပေါ့

​ဘတ်ခ်ကသာ လှုပ်ကာရမ်းကားနဲ့ပြေးလွှားနေတာ
ချန်းညောလ်ကတော့ဖြင့် တစ်နေ့လုံးတစ်ညလုံးမနားမနေအလုပ်တွေသာဖိလုပ်ထားတာကြောင့် ခပ်ယဲ့ယဲ့သာ

ပတ်ခ်မျိုးရိုးဦးလေးနဲ့ ကင်မ်မျိုးရိုးတူတောင်မောင် နှစ်ယောက်သား ဘတ်ခ်နဲ့ခပ်လှမ်းလှမ်းတွင်ကျန်ခဲ့တာပေါ့

ဘတ်ခ်ကတော့မသိ အစားအသောက်တန်းမှာ ပြေးလွှားပြီး ဘာစားရင်ကောင်းမလဲဆိုသောအတွေးနဲ့ ရှာဖွေသူကြီးလုပ်နေတာပေါ့

"ဦးငယ် ဦးငယ်လူကိုနည်းနည်းလောက်ထိန်းပါဦးလား သူ့အစားကျွန်တော်မှာပင်ပန်းလာပြီ သူ့အနောက်က်ိုတကယ်လိုက်မမှီတော့ဘူး "

"မင်းပြောကြည့် သူ့အနောက်ကိုလိုက်ပြီး ငါဖြောင်းဖြနိုင်တဲ့အားအပြည့်နဲ့လူသားရုပ်ပေါက်နေသလား ဟမ် !"

ဟောဗျာ ဒါလေးပြောမိပါတယ် ဘယ်ကထဲကဒေါသတွေမှန်းမသိ ကျွန်တော့်အပေါ်အော်လိုက်တာ လိပ်ပြာမလွင့်ယုံတမယ်ကျန်တယ်

မီဝေါ့ တယ် ဟေ့

"ဘာရပ်လုပ်နေတာလဲ သွားမယ် ဟိုအကောင်ပေါက်ကမြန်မှမြန် ငါပြေးမလိုက်နိုင်ဘူး ငူငူငိုင်င်ိုင်တွေလုပ်မနေနဲ့ ငါ့လဲအားနာဦး "

ကဲ ကင်မ်ဂျုံအင် တို့တစ်ကွက်အထည့်ခံလိုက်ရပြီ

မတက်နိုင် သူကဦးလေးပဲ ကိုယ်ကတူဖြစ်နေတာကို

" ဟုတ်ကဲ့ပါ သူဌေးကြီး ကျွန်တော်မျိုးတို့ဆက်သွားကြတာတော့"

💜 BABY YOU ARE 💜Tempat cerita menjadi hidup. Temukan sekarang