{7} (U&Z)

443 47 3
                                    

......

ပလိုင်းပေါက်နှင့်ဖားကောက်
ဆိုတဲ့ စကားပုံနှင့်မခြားမနားလိုက်ပေ

ဗြောင်ဂျောင်ဆူး တစ်ယောက် ကျောင်း၀န်းထဲ၌ အမှိုက်ခြင်းတောင်းဖင်ပေါက်နှင့် အမှိုက်ကောက်နေရ၏

အဘယ့်ကြောင့်ဆိုသော်
အစ်ကိုဖြစ်သူ၏ ကောင်းကျိုးအဖြာဖြာကြောင့်သာ

ဘယ့်နှယ့် ညအိပ်ခါနီး အခန်းထဲအတင်းဆွဲခေါ်ကာ PUPG ဆော့နည်းသင်ပေးမယ် ဆိုကာ မနက် ၅နာရီထိုးသည်အထိ ချောဆွဲခံလိုက်ရပါသဖြင့်

ဗြောင်ဂျောင်ဆူးလေး ကျွန်တော်မျိုးခမျာ မျက်ကွင်းတွေမည်းသည်းလို့ ကျောင်းတော်ကြီးထံ
နာရီ၀က် နောက်ကျပြီးမှရောက်ခဲ့ရလေသည်

သည်တော့ အတန်းပိုင်ဆရာအသစ်ဖြစ်သူက မရှု့မလှ ဘ၀ရောက်အောင် ကျောင်း၀န်းတစ်ခုလုံး အမှိုက်ကောက်စေ ဆိုတဲ့တစ်ချက်လွှတ်အမိန့်ဆ်ိုးကြီး ပေးလေရဲ့

အမိန့်ဆ်ို အသံတောင်မကြားချင်တော့သည်အထိ မုန်းသွားပါရဲ့

စောင်ကျိုးနည်းဘ၀ကြီး

နေကလဲမညှာမတာပူရက်လိုက်လေခြင်း ပြူတစ်ပြူတစ်ဖြစ်နေတဲ့ဒေါသလေးကို ရုပ်ခံလေးနဲ့ထိန်းထားရတယ် မဟုတ်ရင် မြေကြီးကွဲမတက်အလိမ့်လိမ့်ထွက်တော့မည့်ဒေါသတွေ

အတန်းပိုင်ဆရာအသစ် နဲ့ ဗြောင်အိမ်တော်နဲ့ စကားတွေပြောရတော့မယ်

"စိတ်ပျက်လိုက်တာ နောက်များဆို pupg ဆိုတာနဲ့ ဝေးဝေးပြေးပြီ "

တစ်ယောက်ထဲ ပွစိပွစိ ပြောလိုက် အမှိုက်ကောက်လိုက်နှင့် အလုပ်တွေကိုရှုပ်လို့

ပေါက်နေတဲ့ အမှိုက်ပုံးဖင်ကို ဘာနဲ့ဖာထေးရမှန်းမသိ
လုပ်သလိုဖြစ်မလာတော့ ဖြစ်သလိုပဲ အမှိုက်တွေလုံးထွေးပြီး အပေါက်ထဲစို့ထားလိုက်တယ်လေ ကဲ အေးရော

ကျောင်း၀န်းအကုန်သာသန့်ရှင်းရေးလုပ်ရရင် သေပြီလေ

ကိုယ်တွေတက်တဲ့ ကျောင်းဘေး၀န်းကျင်ပဲ လှည့်ပတ်ပြီး ကောက်လိုက်တာပေါ့

ခြေလက်ဆေး ပြီး နေ့လည်စာစားချိန်လည်းရောက်ခါနီးပြီမို့ ကန်တင်န်းရှိရာ ခြေဆန့်လိုက်တယ်

💜 BABY YOU ARE 💜Tempat cerita menjadi hidup. Temukan sekarang