Episode 16, Love is Natural

1.9K 191 6
                                    

UNICODE
(Zawgyi below)

စစ်မှန် သန့်စင်သော တော်ဝင်သွေးသားပိုင်ရှင်သည် ထီးနန်းစိုးစံရသော် မင်နိုင်ငံ၏ အနာဂတ်သည် နေ‌လို လလို ထွန်းတောက်လေမည်။

စစ်မှန်သန့်စင်သော တော်ဝင်သွေးသားပိုင်ရှင် သည် ထီးနန်း မစိုးစံရသော် ဂျိုဆွန်၏ တော်ဝင်မျိုးနွယ် မင်းသမီးတို့လက်ချက်ဖြင့် မင်နိုင်ငံထီးနန်းပျက်သုဉ်းရ‌လေမည်။

နမိတ် စကားချပ်
ကံကြမ္မာသည် လူတို့၏ဖန်တီးမှုများထက်ကျော်လွန်အံ့။ မြင်နိုင်စွမ်းတို့၏အလွန်မှ ခမ်းနားခြင်းသည်သာ အဆုံးအဖြတ်ဖြစ်လတ္တံ့။

ရှေ့ဖြစ်ဟောချက်ကို သူ အလွတ်တောင်ရနေပြီ
မနက်ကျရင် ဂျိုဆွန်အိမ်ရှေ့စံ မင်နိုင်ငံကိုလာလိမ့်မယ်။ မိဖုရား Seulgiတစ်ယောက်ဒီရက်တွေထဲ အတွေးတွေ ယောက်ယက်ခတ်လို့နေတယ်။

မြင်နိုင်စွမ်းတို့၏အလွန်မှ ခမ်းနားခြင်းသည်သာ အဆုံးအဖြတ်ဖြစ်လတ္တံ့။

ဒီနောက်ဆုံးစာကြောင်းက အဖြေတစ်ခုဖြစ်နိုင်မှန်းသိပေမဲ့ ဘယ်သူမှနားမလည်ခဲ့ကြဘူး။
မနက်ကျရင် Jisoo နဲ့အတူ Lalisa လိုက်လာမှာလား။ ဘာလုပ်ရမလဲ။ အိမ်ရှေ့စံ Jisoo မှာ တကယ်ပဲ မင်နိုင်ငံထီးနန်းကိုဖျတ်ဆီးလိုစိတ်ရှိနေတာလား။ မဖြစ်နိုင်တာ။ သူ့ညီမလေးJennieဆိုရင်... ပိုလို့တောင်မဖြစ်နိုင်သေး။
ဒီနိမိတ်တဘောင်က မှန်ရဲ့လား။

Lilyလေး မွေးတဲ့နေ့...အဲ့နေ့က ကောင်းကင်မှာ ထူးခြားတဲ့နက္ခတ်တစ်ခုပေါ်ခဲ့တယ်။ လမင်းဟာ အနီရောင်သမ်းနေခဲ့တယ်။ သောကြာကြယ်နဲ့ ဓူဝံကြယ်ဟာ မျဉ်းပြိုင်ကျခဲ့တယ်။ ခုနစ်စင်ကြယ်တန်းဟာ လမင်းနဲ့ပိုဝေးသွားခဲ့တယ်။ တစ်ခုခုအတွက်နေရာဖယ်ပေးသလိုမျိုး...

အတော်ဆုံးသော၊ အမှန်ဆုံးသော ဘုန်းတော်ကြီးတွေကိုယ်တိုင် နက္ခတ်ကို တွက်ချက်ခဲ့ကြတယ်။

အထူးသဖြင့် Sansaတောင်ပေါ်က အသက်၁၀၀ ဆရာတော်ကြီးကိုယ်တိုင် ဒီနက္ခတ်ကို‌ အဖြေစထုတ်ခဲ့တာမို့ပဲ။ ဆရာတော်ကြီးဟာ သက်တော်၁၁၈နှစ် လွန်ခဲ့တဲ့ ၂နှစ်အချိန် မှာပျံလွန်တော်မူခဲ့ပြီ။ ဆရာတော်ရဲ့ရှေ့ဖြစ်ဟောကိန်းတွေက ဘယ်တော့မှ မမှားဘူး။ ဒီဟောကိန်းဟာ မင်နိုင်ငံရဲ့လျှို့ဝှက်ချက်ပဲ။ ဒါကို ဂျိုဆွန်က တကယ်သိနေခဲ့တာလား။ တကယ်သိနေခဲ့ပြီး Lilyကို ခိုးယူခဲ့တာလား။ ဒါဆို သူဘာလို့ ဂျိုဆွန်းနန်းတွင်းကိုရောက်နေတာလဲ။ ဒီကလေးမ သူ့ကိုယ်သူတောင် ဘာမှန်းမသိလောက်ဘူး။ Jisooလည်းမသိလောက်ဘူး ထင်တာပဲ။

Beyond the Sight {Completed} U+ZWhere stories live. Discover now