Episode 24, Tonight

2.1K 198 24
                                    

👆Please listen this song. Fate by Lee Sun Hee
This is the OST for this episode.

UNICODE
(Zawgyi below)

သီးသန့်အစည်းဝေးခန်းထဲမှာ Jisoo, Jennie, Kwon Ji Yong နဲ့ Park Daesangတို့က ဂျိုဆွန်းဘက်မှ ဆွေးနွေးသူများအဖြစ်ရှိနေကြပြီး၊
Seung Hyun Choi, Bam Choi, Kim Seulgi နှင့် Lalisa(မင်နိုင်ငံ အိမ်ရှေ့စံအနေနှင့် Lily Choi) တို့ရှိနေကြတယ်။

Lisaအနေနဲ့ နိုင်ငံရေးကိစ္စမှာဒီလို အလုပ်သဘောအရထိပ်သီးအစည်းဝေးမျိုးကိုတက်တာ ဒါပထမစဆုံးဖြစ်တယ်။

အရင်ဆုံး မင်နိုင်ငံဘုရင်က စကားစတယ်။

"လက်ရှိစစ်ပွဲဟာ နှစ်ဖက်လုံးအတွက် ထိခိုက်မှုတွေများနေပြီ"

"ကျွန်မသိတယ်၊ ဂျိုဆွန်းရဲ့ ဘုရင်မအနေနဲ့ ကျွန်မက ရှင်တို့ကို တောင်းပန်မှုနဲ့လျော်ကြေးတောင်းရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီစစ်ပွဲဟာ ကျွန်မကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ရှင်တို့ရဲ့လုပ်ရပ်ကြောင့်စတာပဲမို့"

"ဟုတ်ပါတယ်၊ လျော်ကြေးအနေနဲ့ မင်နိုင်ငံဘက်က ရွှေတန်ချိန်၄၀၀ပေးဖို့သတ်မှတ်ချင်ပါတယ်။ပြီးတော့ တရားဝင် အပြစ်ဝန်ခံပြီး အများသိအောင်တောင်းပန်ရမယ်။ ဒါတွေဟာ ကျွန်မ အစ်မတော်ရဲ့ အမြင်အာရုံဆုံးရှုံးခဲ့ရခြင်းနဲ့ နှိုင်းယှဉ်‌ရင်အသေးအမွှားပါ"

"ရယ်စရာပဲ၊ ကျုပ်တို့က ဒီလိုအေးရာအေးကြောင်း ငြိမ်းချမ်းရေးလမ်းခင်းဖို့ လာတာမဟုတ်ဘူး။ ကျုပ်ကတော့ အဆုံးအဖြတ်ပေးမဲ့ နောက်ဆုံးစစ်ပွဲကြီးဆင်နွဲချင်တယ်။"

"မောင်တော်..."

"မင်းဝင်မပြောနဲ့Seulgi, ငါဆုံးဖြတ်ပြီးပြီ၊ အဲ့ဒီစစ်ပွဲမှာ အနိုင်အရှုံးအတည်ယူမယ်။"

"မင်နိုင်ငံရဲ့ ဘုရင်အနေနဲ့ ဒီလို တစ်ဖက်သတ်ဆုံးဖြတ်ခွင့်မရှိဘူး"

"ဟုတ်ပါတယ်၊ ဒါကြောင့်လည်း ကျုပ်ခမည်းတော်က ဒီလို နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံပြီးပြောနေတာပေါ့"

Beyond the Sight {Completed} U+ZWhere stories live. Discover now