Part-2

710 50 3
                                    

ရှောင်ကျန့်တို့ စီးလာတဲ့ ကားက zone2 နယ်စပ် ရောက်တော့ ဒုက္ခ သည် စခန်း မှာရပ်တယ် ။ စခန်းရောက်တာနဲ့ ကလေးကို ထောင့်တနေရာမှာ ချပီး သူလဲ ခွေယိုင် သွား တယ် ။ မတ်တပ်ရပ်ဖို့ကို အားမရှိတော့။ ကလေး က သူ မော့ပန်းနေတာ သိသည်ထင် သူ့ခြေထောက်တွေကို သူ့ လက်ဖဝါး သေးသေး လေးနဲ့ နှိပ်ပေးနေလေရဲ့။

"ကလေးလေး နံမည် ဘယ်လို ခေါ်လဲ"

"အား.. အားယွမ်"

"ကလေးလေး မိဘတွေရော"

"ကိုကို..ကိုကို"

( ဟင် ငါ့ကို ခေါ်တာလား။ ဒါမှမဟုတ် သူ့မှာါကိုရှိတာကို ပြောတာလား)

" ကိုကို ကို ခေါ်တာလား"

"ဟုတ်ဘူး အားယွမ်မှာ ကိုကို ရှိတယ်"
(ဒီကလေး စကားနည်းလိုက်တာ လိုတာထက် ပိုမဖြေဘူး)

"ဪ ပြေးရင်း ကွဲသွားတာလား"မေးတော့
တခုခုကို သတိရသွားဟန် မျက်ရည်လေးဝဲပီး ခေါင်းလေးငြိမ့်ပြနေတဲ့ ကလေးလေးကို သနားသွားမိပီး ခန္ဓာကိုယ်သေးသေးလေးကို ရင် ခွင်ထဲ ထည့်ဖက်လိုက်ရင်း

"မငိုနဲ့နော် အားယွမ်လေး
ဒီက ကိုကို ကျန့် က
အားယွမ်လေးကိုကို ကို ရှာပေးမယ်နော်
ပီးတော့ အားယွမ်လေးတို့ကို
စိတ်ချရတဲ့အထိ စောင့်ရှောက်ပေးမှာမို့
မကြောက်နဲ့နော် "

ကလေး ကျောလေးကို ပုတ်ပီး နှစ်သိမ့် ပေးလိုက်တော့
ခေါင်းလေး ထောင်ပီး လက်သန်းလေး နဲ့ လက်မလေးထောင်ပြတယ် 🤙 ။ ကတိပေးဆိုတဲ့ သဘော
ရှောင်ကျနိ့လဲ သူ့ရဲ့ လက်သန်းလေးနဲ့ လက်မလေးကို ထုတ်ပီးချိတ် လိုက်ရင်း

" ကိုကိုကျန့် ကတိပေးတယ်နော်"

အခုလို ဒုက္ခရောက်နေတဲ့ အချိန် အသက်တောင် ဝဝမရှုနိုင်တဲ့ အချိန်မှာ တပါးသူကို ကယ်တင်ခေါ်ထားဖို့ဆိုတာ မိုက်ရူးရဲဆန်သလို ဖြစ်ပေမယ့် ရှောင်ကျန့် သူခေါ်လာခဲ့ပီးမှတော့ တာဝန်ယူဖို့ ဆုံးဖြတ်လိုက်သည်။ထိုညက zone2 ရဲ့ နယ်စပ် ဒုက္ခသည် စခန်းမှာ ညအိပ်လိုက်သည်။ နောက်နေ့ ခြေချင် ခရီးဆက်ရမည်လေ။ အားရှိမှ အဆင်ပြေမည်။

တရေးအိပ်ပီးနှိုးလာတဲ့ ရှောင်ကျန့် အိပ်ရာကထတော့ ညက သူ့ကိုဖက်အိပ်နေတဲ့ ပေါက်စ ကို ရှာမတွေ့တော့ ခေါင်းကြိမ်းသွားသည်။ စိတ်ပူပီး အပြန်ထကာ ဒုက္ခသည်စခန်းတလျောက်ပတ်ရှာတော့ တွေ့ပါပီ ပေါက်စ ဘေးနားမှာ ၁၅ ၁၆ အရွယ် ကောင်လေးကို ဖက်ထားရင်း

Family (Zawgyi+Uni)Where stories live. Discover now