part-1

1.4K 70 5
                                    

ရှောင်ကျန့်တို့နေတဲ့ ကမ္ဘာင်္ကြးက အပိုင်းလေးပိုင်းခွဲထားတယ်။zone1 , zone 2 , zone3 & zone4 ဆိုပီးပေါ့
သာမာန်လူတွေက zone 1& 2 မှာနေပီး zone 3 မှာတော့ စက်မှုပညာရှင် နည်းပညာရှင် သိပ္ပံ ပညာရှင် စတဲ့ လူနည်းစု သာ နေကြတယ် ။ zone4 မှာတော့ အထက် အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင် အချို့သာ နေရတယ်။

ရှောင်ကျန့်က တော့ zone1 မှာပေါ့။ ခုအချိန်အခါမှာတော့ zone 1 မှာနေတဲ့ သူတွေ အတွက် ကမ္ဘာပျက်ရက်ပါ။ အကြောင်းကတော့ အထက်အဖွဲ့အစည်း က နူးကလီးယားလက်နက်တွေ စမ်းသပ်ပီးနောက် ဇီဝဖြစ်စဉ် တွေ ပျက်ပြားပီး သာမာန်ရိုးကျမဟုတ်တဲ့ ဆူနာမီ လို zone1ခုလုံးကို အေးဆေး ဝါးမျိုနိုင်တဲ့ မုန်တိုင်းတွေ ရယ် အက်ဆစ်မိုးတွေ ရွာသွန်းတာမျိုးတွေ ဖြစ် လာတယ် ။ အထက်က ပညာရှင်တွေ လဲ ဒါကို ရပ် ဖို့ နည်းလမ်းရှာနေကြပေမယ့် အချည်းနှီးသာ။ဒီ ဒုက္ခ ဒဏ်တွေ ကို အလူးအလဲ ပထမဆုံးခံရသူတွေ ကzone 1 ပါ။

ခုဆို အရေးပေါ် ကြေညာချက်တွေ အရ ဆူနာမီကြောင့် zone1 တခုလုံး မကြာမီ နစ်မြုပ်တော့မည် ဖြစ်တာကြောင့် zone2 ကိုအမြန် ရွေ့ပြောင်းရမည်တဲ့ ။
ရှောင်ကျန့်လဲ လူအုပ်ကြီးကြား ပြေးရတာပေါ့ ။ zone2ကို သွားမယ့် ကားတွေပေါ် အမှီ မရောက်ရင် ကျန်ခဲ ခံရရင် သေဖို့သာ ထိုင်စောင့်ရမည် ပေ။ ဘာကြောင့်ဆိုသော် zone2နယ်စပ် ဂိတ်တံခါးကို သတ်မှတ်ထားချိန်တွင် ပိတ်မှာ လေ။ ပြေးပီး သွားရအောင် နီးတာမဟုတ်။

အအကယ်၍ သူ zone2 ရောက်ရင်တော့ နားနေလို့မရဘူး ။ ဒီဇီဝပျက်ပြားမှုတွေကို အချိန်မီ မထိန်းချုပ်နိုင်သရွေ့ zone2 နဲ့ zone3 လဲ သူတို့ zone1 လို အခြေအနေ အနှေးနဲ့အမြန် ရောက်လာမှာပဲ။

ဒီအချိန်မှာ လူအများ အလိုချင်ဆုံးက zone4 မှာနေ ထိုင်ခွင့် ရရေးဖြစ်သည်။ zone4 က နည်းပညာများနဲ့ တည်ဆောက်ထားပီး သဘာဝဘေး မဆို နဲ့ နူးကလီးယားဒဏ်တောင် ကြံခံနိုင် အောင်ဖွဲ့စည်းထားသည်။ သို့သော် ထိုနေရာက အထက်အဖွဲ့အစည်း ခွင့်ပြုချက်အရ သာ နေ ထိုင်နိုင်ပီး ရှောင်ကျန့်တို့လို သာမာန် လူတွေဆို အိမ်မက်တောင် မက်ခွင့်မရနိုင်။

Family (Zawgyi+Uni)Where stories live. Discover now