VOBC3

661 82 0
                                    

ကျောင်းသွားဖို့ပြင်ဆင်ပီးအောက်ထပ်ကိုဆင်းလာခဲ့သည်
မနက်စာ ကျွန်တော့်အတွက်များချန်ထားလေမလား
ထမင်းစားခန်းထဲသို့ဝင်ကာ ဟိုဒီကြည့်ကာရှာကြည့်သည်
ဆေးကြောထားသောပန်းကန်များသာတွေ့တာကြောင့် ရေခဲသေတ္တာထဲကပန်းသီး တလုံးသာထုတ်စားလိုက်သည်

' ဟဲ့ အကောင် အခုမှကျောင်းသွားမှာလား ဘယ်အချိန်ရှိပြီလဲ
နေဖင်ထိုးအောင်အိပ် ကျောင်းကိုနောက်ကျမှသွားနဲ့စည်းကမ်းတွေပျက်နေလိုက်တာ တခါတလေ နင့်အကို ကိုအတုယူစမ်း နင့်အကိုဆိုမနက်အစောကြီးထစာတွေဘာတွေနွေး ဘုရားရှိခိုးပီးမှသွားတာ'

ဘယ်အချိန်ထဲကအနောက်ကရောက်လာမှန်းမသိသောအမေ
' တခါတလေတဲ့လား အမေရယ် အမြဲတမ်းခိုင်းနှိုင်းပြောနေတာကိုများ
ကျွန်တော်ဒီစကားတွေမကြားချင်လို့ ရှောင်နေပါတယ်ဆိုမှဗျာ'

ပန်းသီးကိုက်ရက်သားကိုလက်ထဲကိုင်ရင်းနဲ့ပင် အမေ့ရဲ့
အမေးမမည်သော ကဲ့ရဲ့စကားကို ဘာမှပြန်မဖြေဘဲ
ကျောခိုင်းခဲ့လိုက်သည်
' ဟဲ့ ငါပြောနေတာကြားလား တကထဲ အသုံးကိုမကျဘူး နင့်လိုကောင်မျိုးကိုမွေးကိုမမွေးခဲ့သင့်ဘူး ငါကိုကမှားတာပါ'

အနောက်ကနေ ကျွန်တော်ကြားသည်အထိ လှမ်းအော်ပြောနေသောအမေ

'မမွေးခဲ့သင့်ဘူးတဲ့လားအမေရယ် ကျွန်တော်ဖြစ်တည်နေတာအမေတို့အတွက်အရမ်းကိုစိတ်အနှောင့်အယှက်ဖြစ်ရလားဟင်
အဲ့လောက်တောင် နောင်တရလား ကျွန်တော့်ကိုမွေးခဲ့ရလို့!!'
နာလိုက်တာ ဒီရင်ဘတ်ကြီးကတကယ်နာတာဗျာ!

ယောင်္ကျားတန်မဲ့လဲ မျက်ရည်ကကျသေး
မင်းတော်တော်ပျော့ညံ့တာဘဲ 'သက္က'

သက္က ကျဆင်းလာသောမျက်ရည်တို့ကိုတုန်ရီနေသောလက်ဖမိုးနဲ့နာကျင်စွာ ပွတ်သတ်သုတ်လိုက်သည် 

မျက်ရည်များပြည့်နေသောမျက်ဝန်းများနဲ့နာကျင်နေရသောရင်အစုံကိုပိုက်ကာကျောင်းဆီသို့. . . .

ကျောင်းရောက်ရောက်ချင်း ကန်တင်းဆီအရင်သွားကာဆေးလိပ်တလိပ်မှာလိုက်သည်
ဒါ သက္က ဆိုတဲ့ကျွန်တော့်အတွက်တော့ အလေ့အကျင့်တခုလို
မနက်ကျောင်းရောက်တာနဲ့ဆေးလိပ်လေး ရှိုက်လိုက်ရမှနေသာထိုင်သာရှိသွားသည်

villain OR bitcy character (Complete)Where stories live. Discover now