VOBC2

1.1K 92 0
                                    

' တီ တီ တီ တီ တီ တီ တီ~~~~^'
မနက်ခင်းတိုင်းကြားရတဲ့ စိတ်ပျက်စရာနှိုးစက်အသံအနောက်မှာ
မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ကျက်သရေမဲ့လှတဲ့နံနက်ခင်းကတွဲရက်ဘဲ

နှိုးစက်သံတွေကိုမုန်းရင်ဘာလို့နှိုးစက်ပေးထားသေးလဲ?
အဲ့ဒါကတော့ရှင်းပါတယ်
လာနှိုးမယ့်သူမရှိလို့ပေါ့. . ဟက်~~

တချို့လူငယ်တွေညည်းကြတဲ့စကားကြားဖူးတယ်
'မနက်ဆို အမေကမထချင်လဲအတင်းကိုလာလာနှိုးတာဘဲ'တဲ့
ကျနော့်မှာတော့ခုချိန်ထိ အမေကိုယ်တိုင်ကျနော့်အိပ်ရာထက်လာပြီး'သားလေးသက္ကထတော့လေ' ဆိုတာလေးဖြစ်ဖြစ်ကြားဖူးချင်ရဲ့. . .(တစ်ကြိမ်လောက်လေးဘဲဖြစ်ဖြစ်)

'ညီသက္က'ဆိုတဲ့ကျနော့်နာမည်ကို အမေမခေါ်တာတောင်ကြာခဲ့ပြီဘဲ
'ဟဲ့အကောင်'လို့ကျနော့်ကိုညွှန်းခေါ်တတ်တဲ့အမေဟာ ကျနော့်နာမည်မေ့နေတာများလား
အဖေကကော ကျနော့်ကိုရှိတယ်ထင်ရဲ့လား

ကျနော့အကို'ဝနစိုးမိုး'ကိုဘဲ သားလို့ခံယူထားတာလား
ကျနော်ကကော. . ?

အကို့လို စာမတော်တာကြောင့်နဲ့ အကို့လိုဆေးကျောင်းမတက်နိုင်တာကြောင့်နဲ့ အကို့လိုခန့်ညားပြီးလူပုံလယ်မျက်နှာပန်းမပွင့်တာကြောင့်နဲ့ အမေတို့သားငယ်ကို လူပုံလယ်မချပြလဲရပါတယ်
ဒါပေမဲ့ သားအဖြစ်တော့လက်ခံပေးပါ . . .

အကို. . .imm ကျနော့်အကိုကငယ်ငယ်ကတည်းကချူချာတော့အိမ်ကသိပ်ဂရုစိုက်ကြတယ်  ဥာဏ်ကောင်းပီးစာတော်လွန်းတဲ့အကို့ကအိမ်ရဲ့အချီးကျူးခံ အိမ်ရဲ့လာဘ်ကောင်လေးဘဲ
ချီးကျူးရုံနဲ့ပီးရော့သလား
အမြဲစာညံ့တဲ့ကျွန်တော်နဲ့ခိုင်းနှိုင်းပြောနေကျပေါ့

ဒါကြောင့်မနက်စာထမင်းဝိုင်းဆီကိုကျွန်တော်မသွားဖြစ်တာကြာပေါ့
မိသားစုစုံလိုက်ရင် ပြောဖြစ်နေကျက အကို့ချီးမွမ်းခန်း နဲ့
ကျွန်တော့်ရဲ့အသုံးမကျမှုများအဖြစ်မရှိမှုများ
တခါကျရင် ' နင့်အကိုပါတဲ့ -ျီး ကိုနင့်ကိုကျွေးမယ်ဆိုတာကပါသေး'
ဒီစကားတွေကအမြဲအမေ့ရဲ့ ကျွန်တော့်အတွက်မနက်ခင်းနှုတ်ဆက်သံ

' မင်းကအသုံးမကျတဲ့ဆန်ကုန်မြေလေး ငါတို့ဆရာဝန်မျိုးရိုးအစဉ်အလာကိုဖျက်တဲ့အကောင်'
ဒါကတော့ မနက်ခင်းထမင်းဝိုင်းမှာမိသားစုဆုံတိုင်းအဖေ့ရဲ့
နှုတ်ဆက်သံလေး

villain OR bitcy character (Complete)Where stories live. Discover now