VOBC7

358 49 0
                                    

ကျောင်းဆင်းပီးညနေ
ကျွန်တော်ဒီနေ့ထူးထူးခြားခြား သိပ်ကိုပျော်နေတယ်
ပြန်မတွေ့တော့ဘူးထင်ရတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ကျောင်းတူတူဘဲတဲ့လား. .

မနေ့ညက စာအုပ်ဆိုင်လေးသို့ကျွန်တော်ပြန်သွားဖြစ်သည်
ညနေသိပ်မစောင်းသေးဘူးမို့ စာအုပ်ဆိုင်လေးမပိတ်သေး
စာအုပ်ဆိုင်လေးကနဲနဲကျဉ်းပေမဲ့ ခုခေတ်လူငယ်တွေအကြိုက်ဒီဇိုင်းလေးတွေလှပစွာဖော်ထားသည် ဒီစာအုပ်ဆိုင်မှာခင်ဗျားအလုပ်လုပ်တာလား ဒါမှမဟုတ်ခင်ဗျားပိုင်တာလား

တံခါးလေးတွန်းဖွင့်ကာ ဆိုင်အတွင်းသို့ဝင်လိုက်သည်
ကောင်တာမှာထိုင်နေတဲ့ ခင်ဗျားကိုတွေ့လိုက်သည် ဘေးနားမှစာအုပ်ဝယ်သူကောင်မလေးတွေကို ဘယ်စာအုပ်ကဘယ်လိုအနှစ်သာရရှိကြောင်းရှင်းပြနေသည်
ကြည့်ရတာ စိုင်း ကစာပေကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်

ကျွန်တော် စိုင်း အနားသို့သွားလိုက်သည် အခုမှကျွန်တော့်ကိုတွေ့ဟန်တူသည်
' ကောင်လေး လာပီလား ခနနော်'
ခန ဆိုတဲ့ပုံနဲ့လက်ပြကာ စာပေအကြောင်းဘေးနားကဆယ်ကျော်သတ်ပရိတ်သတ်ကောင်မလေးတွေနဲ့ဆွေးနွေးနေသည်

စိုင်းကိုကြည့်ရတာ အရမ်းကိုကြင်နာတတ်ပီးနွေးထွေးတဲ့လူတစ်ယောက်လိုဘဲ လူတိုင်းအပေါ်စေတနာအပြည့်ကူညီဖေးမပေးတတ်တဲ့လူတစ်ယောက် ဒါပေမဲ့ အဲ့ကြင်နာယုယမှုတွေကိုကျွန်တော် တစ်ယောက်ထဲပိုင်ဆိုင်ချင်မိသည်

'ကျနော် သိပ်လောဘကြီးမိသွားလား'

'စိုင်း ' မအားတာကြောင့် ကျွန်တော်လဲ ဆိုင်ထဲသို့လှည့်ပတ်ကြည့်ကာ အတန်ကြာစာအုပ်လေးတွေကိုလေ့လာကြည့်မိသည် 

' ကဲ ကောင်လေး မင်းကောစာဖတ်ဝါသနာပါလား'
ကျွန်နော် ကိုင်ကြည့်နေတဲ့စာအုပ်လေးကိုသူကလှမ်းယူလိုက်ကာ

' ကျွန်တော်က အချစ်အကြောင်းနုနုရွရွ ဖွဲ့ဆိုတာတွေမကြိုက်ဘူး
ပီးတော့ရှိသေးတယ် တချို့ယုတ်တိမရှိတဲ့အချစ်ဝတ္ထုတွေ
ရုပ်ဆိုးဆိုးကောင်မလေးကို တစ်ကျောင်းလုံးရဲ့စာအတော်ဆုံး
အချောဆုံးယောကျာ်းလေးကကြိုက်တယ်ဆိုတာ မဖြစ်နိုင်တာတွေ
လက်တွေ့မှာကဒီလိုမဟုတ်ဘူးလေ ဟက်~~
ကျွန်တော်ကအဲ့လိုဟာတွေဆိုရင်တော့မကြိုက်ဘူး'

villain OR bitcy character (Complete)Where stories live. Discover now