"မိုးတွေအရမ်းရွာနေတာကိုအချစ်ရယ် တံခါးလည်းမပိတ်ဘူး အဆုတ်အအေးပတ်ကုန်မှဖြင့်"
ကုတင်ပေါ်မှာ စောင်တစ်ဝက်ခြုံပြီး စာအုပ်ဖတ်နေသော သူက အေးအေးဆေးဆေးပင်။ ကျွန်မကသာ....
တံခါးတွေပိတ်ရင်း သူ့ကိုလှမ်းကြည့်မိတော့......
သူအတော်ပိန်သွားတာ၊ အသားရည်ကလည်း အရင်လိုမဟုတ်တော့။ ခပ်မွဲမွဲအရောင်နဲ့။ နှုတ်ခမ်းတွေကလည်း
မည်းလာတာ။ကိုယ့်အချစ်ကျမှ ဒါမျိုးလာဖြစ်ရသလားကွယ်။
အခုနောက်ပိုင်း သူ့ကိုစိတ်မချလို့ တိုက်ခန်းသို့မပြန်စေပဲ
ဆေးရုံမှာချည်း တောက်လျှောက်နေခိုင်းရတော့သည်။ကော်ဖီတစ်ခွက်ကိုဖျော်ရင်း သူ့ဘေးနားလေးဝင်ထိုင်လိုက်သည်။
"Jenကအိမ်မပြန်ဘူးလား မိုးတွေရွာနေတာကို"
"အင်း အချစ်နဲ့နေချင်လို့လေ"
"အင်းပါ" သူကခပ်ဖွဖွလေးပြုံးပြပြီး သူ့ရင်ခွင်ထဲသို့
ကျွန်မကိုခေါ်ကာ နွေးထွေးစေသည်။မိုးရေတွေကြောင့် အေးလာတဲ့ကျွန်မ သူ့ရင်ခွင်ထဲရောက်တော့ သွေးကြောတွေအထိပါနွေးသွားရသည်။
ရုံးကိစ္စ ပူလောင်ရပေမဲ့ သူအပြုံးနှင့်တွေ့တော့ အပူတွေ
က ငြိမ်းသွားရသည်။စာဖတ်နေတဲ့ သူ့ကို ရင်ခွင်ထဲကနေ မကြာခဏ ခိုးခိုးကြည့်မိသည်။သိပ်ကို မြတ်နိုးရတဲ့ မျက်ဝန်းညိုတွေကိုပေါ့။
ရုတ်တရက် သူက ကျွန်မနဖူးကို ခိုးနမ်းသွားသည်။
နမ်းတဲ့သူကမသိပေမဲ့....ကျွန်မကတော့........
"Jen...Jen...."
"Jenမျက်တောင်လေးဘာလေးခတ်ဦး"
"ရှင်! အဲ အင်း ဘာပြောလိုက်တာလဲ"
"ဘာဖြစ်သွားတာလဲကောင်မလေး"
"ဘာမှ...မဖြစ် ပါဘူး...ဘာဖြစ်နေလို့လဲ"
"မသိပါဘူး...ရှက်များရှက်သွားတာ..လား....."
ဟာ...သူနော်.....လူကိုမနေတတ်အောင်လုပ်ပြီ။
အဲ့ဒီလိုပဲ ကျွန်မတို့၂ယောက် အတူရှိနေတဲ့အချိန်မှာကြည်နူးဖို့အကောင်းဆုံးအရာတွေကိုရွေးပြီး ဖန်တီးခဲ့ကြသည်။