နှုတ်ခမ်းချင်းတွေ ဂဟေဆက်လို့။
တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး ဖာသာတစ်ယောက်ကို အသိသက်သေပြုကာ.......Lisaနဲ့ EunJiမလုပ်ပါနဲ့..
ငါ့ကိုမထားခဲ့ပါနဲ့...
ကျေးဇူးပြုပြီး......
ကျေးဇူးပြုပြီး.....
ဟင့်အင်း...မဖြစ်ရဘူး ....မဖြစ်ရဘူး....ကျေးဇူးပြုပြီး ငါ့ကိုမထားခဲ့နဲ့.....လီဆာ....° ° ° °
ဘုရား ..ဘုရား...အိပ်မက်မို့တော်သေးတာပေါ့။ကျွန်မနဖူးမှာလည်း ချွေးတွေက စိုရွှဲနေသည်။
စားပွဲပေါ်တင်ထားသော ရေဘူးကိုဖွင့်ပြီး လွယ်အိတ်ထဲက ဆေးကို ယူကာ သောက်လိုက်သည်။
လှိုက်ဖိုနေသော ရင်ကိုတည်ငြိမ်စေရန် အသက်ကို မနည်းရှူသွင်းနေရသည်။
လက်ကိုင်ပုဝါနှင့် ချွေးများကို သုပ်ပစ်လိုက်သည်။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ည၁နာရီကျော်ကျော်။အိပ်မက်က ဆိုးရွားလိုက်တာ။
ခြုံထားသည့်စောင်ကိုဖယ်ပြီး ကုတင်ပေါ်ကဆင်းလိုက်သည်။
အား!!..
ရုတ်တရက် ခေါင်းတွေကိုက်လာသည်။
အမြင်တွေကလည်း နောက်ကျိကျိ။ဘေးက နာယွန်းကတော့ အိပ်မောကျနေလျက်။
လေကောင်းလေသန့်လေး ရှုရန်အပြင်သို့ထွက်လာလိုက်သည်။ ထွက်သာ ထွက်ရတာ တကယ်တော့ ကြောက်မိသည်။
ချယ်ယောင်းကို ဖုန်းခေါ်ရကောင်းမလား ဟုစဉ်းစားမိသေးသည်။ အားနာစရာပါလေ။
မထူးဇာတ်ခင်းကာ အပြင်သို့ထွက်လာလိုက်သည်။
အခန်းကော်ရစ်ဒါမှာတော့ မီးများက ထိန်လင်းလျက်။
ဟိုတယ်တစ်ခုလုံးကလည်း မီးများထိန်နေပါသည်။
ဘာကိုကြောက်စရာလိုသေးလဲ ဂျင်းနီကင်မ်။ကော်ရစ်ဒါမှာ ထိုင်ချလိုက်ပြီး မျက်စောင်းထိုးက ချစ်ရသူအခန်းသို့ မျှော်ကြည်မိသည်။
ဒီချိန်ဆို သူက ....သူ့ချစ်သူနဲ့ အိပ်ပျော်နေရောပေါ့လေ။ရုတ်တရက် ပန်းခြုံတစ်ခုနားမှာ ခပ်ရဲရဲ အရာတစ်ခု။
ပန်းခြုံရှိသည့်နေရာက မှောင်နေသည်။