အပ်ကျသံတောင်ကြားရအောင် စာမေးပွဲခန်းက တိတ်ဆိတ်လွန်းသည်။ ကျွန်မတို့ လပတ်စာမေးပွဲတွေ ဖြေဆိုကြရသည်။
သူ့အဖို့တော့ ကျွန်မ သိပ်စိတ်ပူရမည်မဟုတ်။
သူက Geniusဆိုတော့..
ဒါပေမဲ့ သေချာအောင် Resultကို စောင့်ကြည့်ရပါဦးမည်။နောက်ဆုံးဘာသာရပ်ကို ဖြေဆိုပြီး အချိန်မစေ့ခင် ကျွန်မ ထွက်လာလိုက်သည်။ သူနဲ့ကျွန်မက တစ်ခန်းစီ။
တော်ကြာနေ သူထွက်သွားရင် မတွေ့ဖြစ်မှာ စိုးလို့။ကျွန်မရဲ့ မှန်းချက်က မကိုက်။
ချယ်ယောင်းနှင့်ပဲ တွေ့ရသည်။"ChaeYoung shi လီဆာရော ထွက်သွားပြီလား"
"အင်း သူထွက်သွားတာကြာပြီ"
ဟာ....အစောကြီးထွက်သွားတာ....ဖြေများမဖြေနိုင်လို့လား။
"သူဘယ်သွားတာလဲဟင်"
"သူ့ မမ နဲ့တွေ့ဖို့သွားတယ်"
သူ့မမ!? ကျွန်မရင်ထဲ အောင့်ခနဲ။
"သူ့ မမ?"
"ဟုတ်တယ် ဒီနေ့ သူ့မမ လာမှာမို့လို့ လေဆိပ်သွားကြိုမှာ"
သြော...........
ကျွန်မ စကားဆက်ပြောဖို့ ခွန်အားမရှိတော့။
"အဲ ဒါဆို ငါသွားတော့မယ်နော် ChaeYoung"
"နေဦး ခဏ"
ကျွန်မလှည့်ထွက်သွားမယ်လုပ်တော့ ChaeYoungက တားသည်။ ပြီးတော့ သူ့လွယ်အိတ်ထဲနှိုက်ပြီး
"ရော့ ဒီမှာ နင့်အတွက်တဲ့ သူက"
ကျွန်မလက်ထဲသို့ ဝက်ဝံရုပ်ပုံ ကီးချိန်းလေးရောက်လာသည်။
"ငါ့အတွက်?"
"အင်း သူကိုယ်တိုင်ပေးဖို့က အဆင်မပြေတော့လို့တဲ့
ငါနဲ့ပေးခိုင်းလိုက်တာ""သြော်...အင်း အင်း"
ကျွန်မ ထိုကီးချိန်းလေးကို ယူပြီး မြန်မြန်ထွက်လာခဲ့သည်။
ChaeYoungကိုလည်း ရင်ဆိုင်နိုင်စွမ်းမရှိတော့။"ဦးလေး အိမ်ကိုပဲ တန်းမောင်းတော့"
▪️▪️▪️▪️▪️▪️
သူ့မမ....သူ့မမ....သူ့မမ......အား..ဘယ်သူလဲ သူ့မမ
ဆိုတာဘယ်သူလဲ။