မိုးရာသီကုန်လုဆဲဆဲ....
မိုးတွေကရွာကောင်းတုန်း.....
နာယွန်းရယ် ချယ်ယောင်းရယ် ကျွန်မရယ် ကျွန်မရဲ့သူရယ်.....
စားသောက်ဆိုင်တစ်ခုမှာ အတူတူစားဖြစ်ကြသည်။
"အချစ် စားလေ"
အသားတစ်ချို့ကို လှီးပြီး သူ့ကိုခွံ့ကျွေးရသည်။
ဟုတ်ပါသည် သူအခုတလော ရောဂါကပိုပြင်းထန်လာသည်။ ဘယ်လောက်ထိဆိုးရွားလာလဲဆို.......လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့။ လမ်းလျှောက်လျှင် ခြေဖဝါးတွေနာတယ် ဟုဆိုသည်။ ပြီးတော့ အရမ်းမောသည်ဟု ဆိုပြန်သည်။ အစားအသောက်လည်း သိပ်မဝင်တော့။ ကျွန်မခွံ့ကျွေးမှ သူစားဝင်သည်။ ဒါတောင် မနည်းချော့ကျွေးနေရတာ။
အဟွတ် အဟွတ်!!!
"အချစ်ရော့ ရေလေးသောက်"
လက်ကိုင်ပုဝါနှင့် သူ့နှုတ်ခမ်းနေရာကို သုပ်ပေးရင်း....
"ကိုယ်မစားတော့ဘူး Jen"
"နည်းနည်းလေး ဒီတစ်ဇွန်းပဲနော် နော်"
"အဲ့အသားတွေမစားချင်ဘူး ထမင်းပဲ.."
"အင်း အင်း"
ချယ်ယောင်းနှင့် နာယွန်းကတော့ စားရင်းငြိမ်သက်နေကြသည်။ ဘာမှဝင်မပြောကြ။
သူတို့နှင့် ထမင်းအတူတူစားပြီး သက်ဆိုင်ရာနေရာသို့ အသီးသီး ပြန်ကြသည်။ ကျွန်မနှင့် သူကတော့ ဆေးရုံကိုပေါ့။
ဆေးရုံရောက်တော့
"အချစ်စောင်လေးခြုံထားနော် ကိုယ်အဝတ်စားလဲလိုက်ဦးမယ်"
"အင်း"
ကျွန်မ အဝတ်စားလဲပြီး ပြန်ထွက်လာတော့ သူက
အိပ်နေပြီ။ သူ့ကိုစောင်သေချာခြုံပေးပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ပန်းခြံထဲမှာ တစ်ယောက်တည်းထိုင်ရင်း အတွေးတွေက.....ဟိုး....အတိတ်ဆီ....
▪️▪️▪️▪️▪️
လွန်ခဲ့သော ၃ပတ်ခန့်က...
"Jennie တို့ Unnie ဒီမှာ"
Jisoo Unnieက လက်ဝှေ့ရမ်းပြတော့ သူမရှိရာသွားထိုင်လိုက်သည်။
"တစ်ခုခုမှာစားကြ လီဆာရော Jennieရော"