အမှန်တကယ် ပျော်ရွှင်ရလို့
ရယ်မောလာတဲ့ ဆည်းလည်းသံတွေကိုပဲ
ကြားချင်သူပါ ကလေးရယ်...
ဟန်ဆောင်တာတွေကို မင်းမုန်းတယ်ဆိုတာ
ကိုယ်သိသင့်သလောက်သိပါတယ်...ဖြစ်သမျှဒုက္ခတွေအတွက် ဘယ်သူ့တွေကို
ထပ်ပြီးပုံချဦးမှာလဲ ရူးမိုက်တာတွေ
ရပ်တန်းကရပ်စမ်းပါတော့ ကလေးရဲ့
ငြီးငွေ့စရာ သံသရာကြီးထဲမှာ
ကိုယ့်ဆီတစ်ပတ်ပြန်လည်လာမဲ့
ဒုက္ခတွေကိုရှာမဲ့အစား တစ်ယောက်ထဲ
ပျော်အောင်သာနေကြည့်စမ်းပါ....
တကယ်ပဲ မင်းစိတ်ကလေးကို အေးမြနေစေချင်တယ်....ကိုယ့်မေတ္တာက မင်းအပေါ်မှာ
ငွေ့ငွေ့းကလေးပဲ နွေးပေးနိုင်ပေမဲ့
အတုအယောင်မဟုတ်တာ မင်းသိမှာပါ...မင်းစိတ်ကိုအလိုလိုက်မိတိုင်း...
မင်းရဲ့နာကျဉ်မှုတွေနဲ့ ထပ်တူကျမဲ့စိတ်ခံစားချက်တွေကို
တစ်ပါးသူတွေရဲ့ဒဏ်ရာတွေပေါ်မှာ အနာအဖြစ်မခံနဲ့
ကိုယ့်ကြောင့် သူတစ်ပါး မနာကျဉ်စေနဲ့....
ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေနဲ့
ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်မကျစေနဲ့....ကိုယ်မျက်ရည်ကျရတိုင်း...
တခြားတစ်စုံတစ်ယောက် ငိုကြွေးရမဲ့အဖြစ်မျိုး
မင်းစိတ်ထဲက လှိုက်လှိုက်လှဲလှဲ လိုချင်ရဲ့လား....
မင်းစိတ်ထဲမှာ ဝမ်းပန်းတသာ ပျော်ရွှင်ရဲ့လား...
လူဆိုတာ စိတ်ချမ်းသာဖို့ပဲအရေးကြီးတာမဟုတ်လား ကလေးရယ်
စိတ်ထွက်ပေါက်ရှာချင်ရုံသက်သက်နဲ့
တစ်စုံတစ်ယောက်ရဲ့ နှလုံးသားတွေကို
မကစားပစ်လိုက်နဲ့.....ကိုယ်ကမရည်ရွယ်ပေမဲ့ ခံစားချက်စစ်မှန်တဲ့လူက
အထိနာရတယ်....
အဆိုးဆုံးကတော့ နာမည်ဆိုးကြီးကျန်ခဲ့တာပဲ....
မင်းဘဝကိုမင်းပဲရွေးချယ်ပါ ကလေးငယ်....
ကိုယ်က လမ်းပြပေးရုံကလွဲ ဘာတတ်နိုင်မှာမို့လို့လဲ...မှန်တယ်ထင်ပြီး ဇွတ်မတိုးနဲ့
နုငယ်တဲ့အတွေးနဲ့ ဆုံးဖြတ်တဲ့အခါ
လမ်းအမှားကိုရောက်တတ်တယ်....
အတတ်နိုင်ဆုံးတော့ ဘယ်သူ့ကိုမှ
မထိခိုက်စေပဲ ရိုးသားစေချင်တာပါပဲ....
ရိုးသားတဲ့စိတ်ကလေးမွေးပါ. ...
စာနာစိတ်ကလေးထားပြီး '' ငါသာ သူ့နေရာမှာဆိုရင် '' ဆိုပြီး
အမြဲတွေးပါ....လှပတဲ့ဆန္ဒတွေက မင်းနှလုံးသားမှာ
ခိုအောင်းနေတာ....
အတိတ်တွေကိုအတိတ်မှာထားခဲ့တော့ ကလေးရဲ့
သေချင်စရာကောင်းတဲ့အတိတ်တွေဆိုတာ
ချဉ်စုပ်စော်နံနေတဲ့မှိုတွေလိုပဲ
ဦးနှောက်ထဲမှာရော စိတ်ထဲမှာရော စွဲနေတတ်တာ .....
အသုံးမကျတာတွေကို ဘာလို့
ဒီနေ့အထိထမ်းပိုးထားတာလဲ....မင်းကို ပျော်စေချင်တဲ့ဆန္ဒအပြည့်ရှိတယ်ဆိုတာသိထားပါ
မင်းကို ပျော်အောင်ထားပေးနိုင်မဲ့တစ်စုံတစ်ယောက်ကို
မင်းချစ်ပါ.....
မင်းဘဝကို နှလုံးသားနဲ့မဆုံးဖြတ်ဘဲဦးနှောက်နဲ့တွေးပါ....
မင်းဘက်ကချစ်မဲ့လူတစ်ယောက်ကိုရွေးမဲ့အစား
မင်းကိုတစ်သက်လုံးချစ်ပေးနိုင်မဲ့ တစ်စုံတစ်ယောက်ကိုပဲ
မင်းရွေးပါ.....
ပျော်စရာဆိုတာ ရှာစရာမလိုဘူး....
မင်းမသိလိုက်ဘဲ မင်းရှေ့မှာရှိနေတတ်တယ်ကလေးရဲ့....Moh လေးရေ ဘဝမှာပျော်စရာတွေ
ဖန်တီးတတ်ပါစေ ~~~