Love is...

72 8 0
                                    

ကံကောင်းခြင်းဆိုတာကို ငယ်ငယ်က

ကံစမ်းမဲပေါက်တဲ့အခါ ပျော်ရတဲ့အခိုက်အတန့်

အိမ်ကမုန့်ဖိုးများများရတဲ့ အခါတို့ ဘာတို့

အဲ့လိုထင်ခဲ့ပေမဲ့...

ကံကောင်းတယ်ဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကိုသာ

လိုလားတဲ့ သူစိမ်းတစ်ယောက်ကို

ပိုင်ဆိုင်ရခြင်းပါပဲ...

အဲ့ဒီလူတစ်ယောက်အပေါ်မှာ ကိုယ်ဟာ

ဆိုးမိခဲ့တယ် အဲ့လိုပဲပြောရမှာပေါ့

ကိုယ့်ရဲ့စိတ်ကို သူမကြိုက်တဲ့အခါ...

သူ့ရဲ့ဘဝကို ကိုယ်ငြိုငြင်မိတဲ့အခါ

ချစ်ရဲ့သားနဲ့ ကျောခိုင်းမဲ့လမ်းကို

ရွေးကြရတာပါပဲ....

ကျွန်တော်တို့ဟာ ချစ်ဖို့ သတ္တိမရှိတာ

ကိုယ့်ရဲ့အားနည်းချက်ကို မပြုပြင်ချင်တာ

တစ်ယောက်အပေါ်မှာတစ်ယောက်

အလျှော့မပေးနိုင်ကြတာ...

အချစ်က ဒါပါလို့ အဓိပ္ပါယ်မဖွင့်ချင်ဘူး

ကျွန်တော်ဟာ ကျွန်တော့်အပေါ်ကောင်းတဲ့

လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ရှိမိရုံပါ...

မေတ္တာတရားတွေ ပိုပိုသာသာလေး ပေးမိရုံပါ...

ပုံမှန်ထက်ပိုတဲ့ ခံစားချက်ကလေး

ကိန်းအောင်းမိရုံပါ....

သူ့ကို ချစ်တယ်ဆိုတာထက်...

ကျွန်တော့်ရဲ့ မေတ္တာဓာတ်ကလေးကြောင့်

နွေးထွေးသွားစေချင်တာ အေးချမ်းစေချင်တာ

တကယ်လို့ သူ့လက်ကိုတွဲရရင်

ဘဝရဲ့အခက်အခဲတွေကို အတူရင်ဆိုင်မယ်

သောကတွေကို ဝေမျှမယ်...

သူ့စကားကိုနားထောင်မယ်.. .လိမ္မာမယ်..

ဒါပေမဲ့

အဆိုးဆုံးဆိုတာတွေကို မျှော်လင့်ပြီးသားမို့်
J
ဒီတစ်ခါ တွဲလက် မမြဲရင်တောင်...

နောက်တစ်ခါ အခြားသောတစ်စုံတစ်ယောက်ကို

မယုံကြည်တော့ဘူး... ပြောရရင်...

ထပ်မချစ်တော့ဘူး...

သူနဲ့ဝေးတာဟာ

ပျော်ရွှင်သော လမ်းခွဲခြင်းမျိုး ဖြစ်တယ်. .

သူရောကိုယ်ပါ သဘောတူတဲ့ရွေးခြယ်ခြင်းဖြစ်တယ်

နီးနေ ဝေးနေ...

ခြေချတဲ့အရပ်တိုင်းမှာ သူဘေးမှာရှိလိမ့်မယ်...

တစ်ချက်တွေးလိုက်ရုံနဲ့...

သူဟာ ဘေးကို ရောက်လာမယ်...

လုံခြုံတယ် အေးမြတယ်...

ပုံရိပ်ယောင်တွေဆိုရင်တောင်မှ

နှလုံးသားနဲ့ ပုံဖော်လို့ရတယ်...

ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိမ်

ခင်ဗျားဟာ ကျွန်တော့်ရဲ့ အမေ

ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူစိမ်း

ခင်ဗျားဟာ ကျွန်တော့်ရဲ့ အတိတ် အမှတ်တရ...

အချိန်တွေကြာတဲ့အခါ...

ခင်ဗျားဟာ ကျွန်တော့်ရဲ့ မှတ်ဥာဏ်တွေထဲမှာ

ကိန်းအောင်းနေမဲ့ ပျော်စရာလေးပေါ့...

တိုက်ဆိုင်လာရင် ခင်ဗျားပုံရိပ်ကလေးကို

မြင်ယောင်ပြီး ယဲ့ယဲ့ကလေးပြုံးမယ်

ဖြစ်ချင်တာတွေထက်

ဖြစ်သင့်တာတွေလုပ်ရမဲ့ဘဝထဲမှာ 

နှလုံးသားကို စတေးရလည်း တန်ပါတယ်...

ခင်ဗျား ကျွန်တော့်ကို ချစ်တာပဲ...။

ZinMyoHtike
10/Feb/2020

Sunflower Where stories live. Discover now