မြတ်နိုးမှု ဧရိယာ 🍂🌻⛅

50 4 0
                                    

ချစ်တယ်ဆိုတာထက် မြတ်နိုးတာလေ
မင်းရဲ့သွေးသားတစ်စိတ်တစ်ပိုင်းဟာ
ကိုယ့်ခန္ဓာထဲမှာစီးဆင်းနေသလိုမျိုး
သူစိမ်းတစ်ယောက်ကို တစ်မိထဲပေါက်တဲ့
အရင်းအချာလို တွေးမိသလိုမျိုး
မင်းက ကိုယ့်ရဲ့ ညီမ
မင်းက ကိုယ့်ရဲ့ မောင်နှမ
ရင်ဘတ်ထဲမှာ ဧရိယာတွေအများကြီးရှိပေမဲ့
မြတ်နိုးမှု ဧရိယာလေးကတော့ ကိုယ်သဘောအကျဆုံးပဲ

ဟိုတစ်ယောက်ကို အိမ်လို့ပြောတယ်
အိမ်ဆိုတာ ဘယ်လောက်ပဲခမ်းနားခမ်းနား
မိသားစုမရှိရင် မပြည့်စုံသလိုမျိုးလေ....
မင်းကကျ ကိုယ့်ရဲ့ မိသားစုဝင်လေး...
ဘယ်သူ့ကိုမဆို ရင်ဘတ်နဲ့ချစ်တာချည်းပါပဲကွယ်
အနည်းအများ ပိုသာသည်မရှိခဲ့
သူ့နေရာနဲ့သူချစ်သလို
ကိုယ့်ခံယူချက်နဲ့ကိုယ်ပါကွယ်....

ချစ်ခြင်းတွေကြောင့် နွေးပါစေ ကလေးငယ်
ကိုယ့်ကြောင့် စိတ်ဒဏ်ရာရဖူးတာတွေလည်း
သင်ပုန်းချေပေးပါလို့ပဲ တောင်းပန်ချင်တယ်
ကိုယ်ဟာ ကလေးဆန်ဆန်အတွေးတွေနဲ့
မိုက်ရူးရဲဆန်ခဲ့သူပါ
ခွင့်လွှတ်ပေးဖို့တောင် ထိုက်တန်ရဲ့လား

အထီးက်န်သလိုခံစားရတဲ့အခါ
ကိုယ့်ကို မင်းရှေ့မှာ ငိုခွင့်ပြုပါ
မင်းရေ့မှာ ပြိုလဲခွင့်ပြုပါ
မင်းသာ ခွင့်ပြုမယ်ဆိုရင် ကိုယ်ဟာ
မင်းရှေ့မှာ ခံစားချက်တွေအကုန်လုံးကို
သွန်မှောက်ချပစ်ဖို့အသင့်
ဘဝကို အသစ်ကပြန်စရေးဖို့ အသင့်

ချစ်တဲ့လူကို ဆက်ပြီးတန်ဖိုးထားပါ ကလေးငယ်
အတ္တမပါတဲ့အချစ်ဟာ ဒဏ်ရာနည်းတယ်
ကိုယ်ဟာ ခဲမွန္ဖူးတဲ့ စာတစ်ကောင်ပါ
နာကျဉ်မှုတွေဆီမှာ ပိတ်မိနေသေး
ငိုကြွေးမှုတွေဆီက ရုန်းမထွက်နိုင်သေး

ကျေးဇူးပြုပြီး ကိုယ့်ရဲ့ဘဝကို
တည်ဆောက်တဲ့အခါ ပြုပြင်ပေးပါ
ထိန်းကျောင်းပေးပါ
အခုအချိန်မှာ ကိုယ္က အရမ်းကို ပျော့ညံ့တဲ့လူ
ဖြစ်နေလို့.....
အရမ်းကို အဆင်မပြေမှုတွေများနေလို့
ကံဆိုးမှုတွေ မိုးမှောင်ကျနေလို့....

ငိုချင်ရက်လက်တို့ဖြစ်နေချိန်မှာ
ကယ်တင်ရာဆိုတာ မင်းတို့လူတစ်ချို့ပဲရှိလို့
ကျေးဇူးပြုပြီး သဝန်တိုတာတွေ
မလုပ်ပါနဲ့လား ကလေးရယ်
ဒီအချိန်မှာ ကိုယ် အရမ်းပင်ပန်းနေတာမို့
အရမ်းကို စိတ်ထိခိုက်နေတာမို့လို့ပါ.....

#Happy birthday Present
မွေးနေ့ရှင်က ကိုယ်ဆိုပေမဲ့
အဝေးကြီးမှာမို့ ဘာမှမကျွေးနိုင်လို့ပါ

#Happy Birthday to me 🦇🦇🦇

မနေ့က ငါ့မွေးနေ့

12.3. 1999 💗💗💗

အသက် ၂၁ ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်
ငါ့နားမှာနေပေးပါ

မနေရင်လည်း မနေနဲ့ အိုခေ

ချေချေပဲ 🙂🙂🙂

Sunflower Where stories live. Discover now