1

11.5K 568 14
                                    

Za: 🍮

" ဂလုံ ဂလွမ်! ! "

ရီပေါ့်ရဲ့ မနက်ခင်းလေးက
နှိုးစက် မလို ကျန့်​ကော ရဲ့
ဇလုံ လွတ်ကျသံတွေနဲ့တင်
နိုးထနိုင်တယ်

ဒါဟာ အကောင်းဆုံး
မနက်ခင်းတေးသံသာတွေပဲ

အရင်က မလုပ်ဖူးတဲ့
အလုပ်တွေ ကြိုးစား
လုပ်နေရှာတဲ့ သူ့ကို
အပြစ်လည်း မတင်ချင်ဘူး

ရီပေါ်အောက်ထပ်ဆင်း
လာတော့ မီးဖိုချောင်နဲ့
ကျန့်ကောက ထုံးမြေပြင်မှာ
စစ်ခင်းထားသလိုပဲ
ဖြူဖွေးလို့ သူကိုယ်တိုင်
ဒီဇိုင်းဆွဲပြီး စပ်ခဲ့တဲ့အိမ်ရဲ့
အရောင်တွေတောင် ဖုံးလွှမ်း
သွားခဲ့ရှာပြီ....

" Morning ကျန့်ကော  "

" Morning လောင်ဝမ် "

အချိန်တန်ရင် ဘဏ်အကောင့်က
သုံညတွေက တိုးနေပေမယ့်
ကျန့်ကော ကတော့ဒီအလုပ်ကို
ကြိုးစားနေဆဲပဲ
မီးဖိုထဲက ဂျုံ့မှုန့်တွေကတော့
ရီပေါ် နောက်က
လိုက်ရှင်းပေးရမယ့် အရာတွေပေါ့

ရီပေါ်ဘဝမှာ တစ်ခါမှ ဒါတွေ
လုပ်နေရမယ်လို့ အိမ်မက်တောင်
မမက်ဖူးဘူး အခုတော့ လက်တွေ့
လုပ်ကိုင်နေရပြီ

အဝတ်တစ်ခုကိုကိုင်ကာ
ရီပေါ့်ရဲ့ လုပ်ငန်းတွေ
စရတော့တယ် ကျန့်ကောက
ရှေ့က ရှုပ် သူကနောက်က
လိုက်ရှင်းပေါ့

ကျန့်ကောက ဆိုင်ရဲ့
Main menu ဖြစ်တဲ့
Corissant လေးတွေကို
စလုပ်နေတယ်

ကျန့်ကောက ဂျုံမှုန့်ကိုင်ပြီး
နှာခေါင်းကို
ပွတ်ထားတော့ နှာခေါင်း
ထိပ်လေးမှာ ဖွေးနေရော
ဒါဟာ ရီပေါ်တာဝန်ယူရမယ့်
နောက်ထပ် အလုပ်တစ်ခု

" ကျန့်ကော ဒီဘက်လှည့်အုံး "

Apron အညိုလေးက
အခုတော့ အဖြူရောင်ဖြစ်နေပြီ

အဲ့တော့ သူ့ရဲ့ အသစ်
ဖြစ်နေသေးတဲ့ Apron
နဲ့ ကျန့်ကော နှာခေါင်းကို
သုတ်ပေးလိုက်တယ်

မနက်ခင်း နေရောင်
မထွက်သေးတဲ့ အချိန်မှာတောင်
အရှိန်အဝါမပါ တောက်ပနေတဲ့
ကျန့်ကော မျက်လုံးတွေက
ရီပေါ့်ကို ဆွဲဆောင်တယ်

ဆောင်းတွင်း အေးစက်စက်
နှုတ်ခမ်းလေးကရောပဲ
အနွေးဓာတ်ရပါစေတော့
ဆိုပြီး ရီပေါ် အကြင်နာပိုမိတော့
ကျန့်ကောက လန့်ဖျန့်ပြီး
သူ့Hoodie အနက်ကို
လှမ်းဆွဲဆုပ်ထားတယ်
သေချာတယ် အင်္ကျီမှာ
လက်ရာကြီး ထင်နေတော့မှာ

H O N E Y 🍯Where stories live. Discover now