15

2.1K 136 10
                                    

Uni 🌶

" ဒါလင် အပြင်က ဝိုင်းအတွက်ရပြီနော် "

" ဟုတ် >< "

ဒါလင်လို့ တစ်ခါခေါ်လိုက်တိုင်း
မို့တတ်လာတဲ့ ပါးဖောင်းဖောင်းကြီးတွေကို
ကြည့်ပြီး ကျောင်းသူတစ်သိုက်ကတော့
Sean ကို မျက်စောင်း တဒိုင်းဒိုင်းပါပဲ

ဘာကြောင့် ဒီလောက်အထိ
အလိုလိုက်ရတာလဲလို့ မေးတော့
သူပျော်နေရင် Bro လည်းပျော်လို့ပါတဲ့လေ

အဲ့ဒါတကယ်ပဲ လူတွေပြောပြောနေတဲ့
ချစ်ခြင်းတရားဆိုတဲ့ဟာကြီး လားဆိုတာ
ကလေးမလေးတွေကတော့
တွေးကောင်းတုန်းပါပဲ

" Bro မကောင်းဘူး! ! "

ထိုလူကတော့ မျက်လုံးတွေ
မှိတ်ကျသွားပြီး မျက်တောင်လေးတွေ
ကော့တတ်သွားတဲ့ အထိ
တဟားဟား အော်ရီတော့တာပါပဲ

" ကဲ ကလေးတွေ ဒီဝိုင်းအတွက်
မရှင်းတော့နဲ့ ဒီကောကောကချော့တာ
ဟုတ်ပြီလား "

ဒီလို အလိုလိုက်မှုတွေကြောင့်
ဝမ်ရိပေါ်က ဒီကောကောနားမှာ
တောက်တဲ့လို တွယ်ကပ်နေနိုင်တာလား
အောင်မြင်မှုတွေအားလုံးကို
လွှတ်ချပြီးတော့လေ။
အရာရာအားလုံးသူ့အတွက်
Sean ကအရေးကြီးဆုံးဖြစ်လို့
နေတယ်။

တကယ်ကို Sean က
ကလေးတွေရဲ့ Ideal type
ဖြစ်မှန်းမသိ ဖြစ်လို့လာပါတယ်။

" နောင်ဘဝကျရင်တော့
သမီးချစ်သူဖြစ်ပေးပါနော် ကောကော "

Sean က အဲ့လိုပြောလာတဲ့
ကလေးမလေးရဲ့ နဖူးကို လက်ညှိုးနဲ့
အသာအယာထိုးလိုက်တယ်

" ကောရဲ့ နှလုံးသားကို
သူက ဘဝဆက်တိုင်း Booking
လုပ်ထားပြီးပြီ ကလေးရဲ့ "

" အား! ! "

က​လေး လို့ ခေါ်သံချိုမြမြ
အောက်မှာ
ဝမ်ရိပေါ်ကြီးကို သူတို့ပြေးဖွက်
ပြစ်လိုက်ချင်တော့တာပါပဲ။
ဒါပေမယ့် ဝမ်ရိပေါ်ကြီး
​ေပျာက်သွားရင်တောင် Sean ရဲ့
နှလုံးသားလေးကို သူတို့
ရမှာ မဟုတ်တော့တာ
သူတို့ အသိပါပဲ

" ကျန့်ကော အဲ့ကလေးမတွေကို
အရေးလုပ်မနေတော့နဲ့ "

" ပေါ်ကော! !"

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 06, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

H O N E Y 🍯Tempat cerita menjadi hidup. Temukan sekarang