4🔥

4.1K 434 22
                                    

Za:

(Warning သေးသေးလေး 🔥)

ဒီနေ့က ဘာနေ့လဲ
စနေနေ့ညလေ ဘေဘေး
အဲ့တော့ မနက်ဖြန် တနင်္ဂနွေနေ့
ကျန့်ကောရဲ့ ဆိုင်လည်း ပိတ်တယ်

" လောင်ဝမ် ထမင်းစားတော့မလား "

" ဆာတော့ ဆာနေပြီ ထမင်းမစားချင်ဘူး "

" အဲ့ဒါဆို ဘာစားမလဲ ကိတ်? "

" No No!! ကိတ်သံကို
မကြားချင်တော့တာ "

ဟုတ်တယ် အစမ်းသပ်ခံနေကျ
ရီပေါ်ဟာ ကိတ်ကို တော်တော်
မုန်းနေရှာပြီ

" အဲ့တာဆို ဘာစားမလဲ? "

" ယုန်သား နူးနူးအိအိလေး "

" အာ~ လောင်ဝမ် အဟုတ်မှတ်လို့ "

" အဟုတ်ပဲကို "

" လောင်ဝမ် ထမင်းလာစားတော့ လာ "

Apron အညိုရောင်လေး
ဝတ်ကာ ထမင်းပြင်နေတဲ့
ကျန်ကောရဲ့ ခါးသိမ်လေးကို
ဖက်ကာ ခေါင်းကို ပုခုံးပေါ်
မှောက်ချထားလိုက်တယ်

" ငါတို့ လောင်ဝမ်လေး
ပင်ပန်းသွားပြီ "

" တကယ် ပင်ပန်းနေပြီ ကော
အဲ့ဒါကြောင့် ယုန်သားစားချင်နေပါတယ်ဆို "

" အင်း ထမင်း စားပြီးတော့မှ "

" တကယ်နော် ကျန့်ကော! "

ရှက်ရင် ဖြစ်နေကျအတိုင်း
နားရွက်လေးတွေရဲ့ ရဲနေတဲ့
အပိုင်းကို တတိတိကိုက်လိုက်တော့
ကျန့်ကောက တွန့်သွားတယ်

" ထမင်း အရင်စားဆို လောင်ဝမ် "

" မရတော့ဘူး "

နောက်ကို ပြန်လှည့်ကာ
မျက်လုံးလေး ကလည်ကလည်နဲ့
ကြည့်နေတဲ့ ကျန့်ကောကို
ရီပေါ် အနမ်းတွေ စပေးတော့တယ်

နဖူးလေး၊ မျက်လုံးလေး
နှာခေါင်းလုံးလုံးလေးကို
ခပ်ဖွဖွလေးကိုက် ပြီးတော့
စုပ်ယူလိုက်တဲ့ အချိန်
ကျန့်ကော လက်တွေက
ရီပေါ့်ခါးကို တင်းတင်း
ဆုပ်ကိုင်လာတယ်

ပြီးတော့ မြတ်နိုးရတဲ့
နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းပေးကာ
အပေါ်တလှည့် အောက်တလှည့်
စုပ်ယူတယ်
ကျန့်ကောဘက်က နှုတ်ခမ်း
တံခါးလေး ဖွင့်ပေးလိုက်ချိန်မှာတော့
ရီပေါ့်ရဲ့ လျှာဟာ အစာတွေ့သွားတဲ့
မြွေလေးလို ပြေးဝင်ကာ မွှေတော့တယ်

H O N E Y 🍯Onde histórias criam vida. Descubra agora