14

1.1K 133 7
                                    

Uni 🥑

" ကျန့်ကော ခြေထောက်ပေးအုံး "

မီးလင်းဖိုအရှေ့ ခြေဆင်းလို့ထိုင်နေတဲ့
ရှောင်းကျန့်ရဲ့ ခြေထောက်တွေကို
ဆွဲယူလို့ ရိပေါ်က သူ့ပေါင်ပေါ်တင်လိုက်ပြီး
အမွှေးပွ ခြေအိတ်လေးတွေကို
ဝတ်ပေးလိုက်တယ်။

ဆောင်းမဝင်သေးလို့ မဝတ်ချင်ဘူးဆိုတဲ့
ရှောင်းကျန့်က ငြင်းလို့မရတော့
ရိပေါ် လုပ်သမျှ ငြိမ်ခံနေရတာပါပဲ

သူတို့ မြို့လေးမှာ အခုတလောမိုးက
အဆက်မပြတ်ရွာနေတာ
ဒါ့အပြင်ကို စိုစွတ်တဲ့ ေဒသဖြစ်တာကြောင့်
ဆောင်းမဝင်သေးပေမယ့် အေးနေပြီ

မနက်ကတောင် ရှောင်းကျန့်က
နှာခေါင်းလေး တရှုံ့ရှုံးနဲ့ နှာစေးတော့မယ့်
အရောင်ပြနေပြီ ဖြစ်တာကြောင့် ရိပေါ်က
အလစ် ဝင် ဝတ်ပေးရသည်။

" မင်းလည်းဝတ်လေ "

" ဟုတ်ကဲ့ "

ရိပေါ် ခြေအိတ်ဝတ်နေတုန်း
ရှောင်းကျန့်က ဝိုင်ပုလင်းနဲ့ ဖန်ခွက်နှစ်ခွက်ယူကာ
ပြန်ရောက်လာတယ်။

ဆိုဖာကို ကျောမှီကာ ကြမ်းပြင်မှာ
ခြေဆင်းထိုင်နေတဲ့ ရိပေါ့် ခြေထောက်ကြား
ရှောင်းကျန့်က ဝင်ထိုင်တော့
ရိပေါ်က ပွေ့ဖက်ကာ ခေါင်းက
ဆံပင်တွေကို လိုက်နမ်းရှုံ့နေသေးတယ်။

နှာစေးနေလို့ 'ခေါင်းမလျှော်ရ' ဆိုလို့
မလျှော်တာ ၃ရက်ရှိပြီ ဟီး ဟီး

" ဘယ်လိုလဲ မွှေးရဲ့လား "

" ကျန့်ကော ဂျီးအနံ့ကအစမွှေးတယ် "

" တော်ပါ မေးမွှေးတွေ မနက်ဖြန်
ရိတ်ရင် ရိတ်နော်လောင်ဝမ် ​မရိတ်ရင်
တစ်ပင်ချင်းဆွဲနှုတ်ပြစ်မယ် "

" ဘာလို့လဲ ကျန့်ကောရဲ့ ကျွန်တော်
အရမ်း ခန့်ညားနေလို့ သဝန်တိုနေတာလား "

" တော်ပါ လူဆိုး ကြီးကျလို့ "

" ဘာ ဘယ်လို ကိုယ့်ယောကျာ်းကိုများ
လူဆိုး.... ပြောရဲတယ် ဟက်လား "

" အား ဟား ရိပေါ် ယားတယ် ယားတယ်လို့ "

အနောက်ကနေ အသားပေါ်နေတဲ့
ပခုံးသားတွေကို ရိပေါ်က နှုတ်ခမ်းမွှေး
ပေါက်ခါစ စူးစူးတွေနဲ့ လိုက်စနေတာကြောင့်
ရှောင်းကျန့် မှာ တွန့်လိမ်နေတော့သည်။

H O N E Y 🍯Tempat cerita menjadi hidup. Temukan sekarang