10

2.7K 390 17
                                    

Za:🎬


" လောင်ဝမ် "

" ကော လာ လေ "

" ဘာတွေကြည့်နေတာလဲ? "

မီးဖိုက ထမင်းစားစာပွဲမှာ
ငြိမ်နေတာကြောင့်
ဘာလုပ်နေတာလဲ ဆိုပြီး ကြည့်လိုက်တော့
Laptop ထဲမှာ
အရင်က ရီပေါ် ကထားတဲ့ Video
တွေက file လိုက်ကြီး

တစ်ပုဒ်ပြီး တစ်ပုဒ်လာနေတော့တာ

ရှောင်းကျန့် လည်းဘေးမှာ
ဝင်ထိုင်ပြီး ကြည့်နေလိုက်တယ်
တချို့ဆို ရှောင်းကျန့် အမြင်ဖူးတဲ့
Dance Practice တွေတောင်
ပါသေးတယ်

ဟိုး Training ကစလို့
Debut လုပ်တဲ့ အချိန်ထိ
အကုန်စုထားတာ ထင်တယ်
ဒီကလေးလေးက Dance
ကို တကယ်ရူးသွပ်တာပါ

အလုပ် မအားတဲ့အချိန်တောင်
မနားဘဲ လေ့ကျင့် တာတွေ
လုပ်နေလို့ ရှောင်းကျန့် ဆူခဲ့ရဖူးတယ်

ကရင်းရတဲ့ ဒဏ်ရာတွေဆို
ရှောင်းကျန့် ဆေးထည့်ပေးရတာ
မနည်းဘူး
ကနေရရင်ကို ပျော်နေတဲ့ကလေးလေး

အခုတော့ ဒါတွေ အားလုံးကို
ရှောင်းကျန့် ကြောင့် စွန့်လွှတ်
ခဲ့ရတယ်

" လောင်ဝမ် တောင်းပန်ပါတယ် "

" ဘာလို့လဲ ကောရဲ့ "

" ကောကြောင့် အားလုံး
စွန့်လွှတ်ခဲ့ရတာ မလား? "

" မဟုတ်ပါဘူး ကောရယ်
ကျွန်တော့်ဘေးမှာ ကောရှိနေရုံနဲ့
ဒါတွေ အားလုံးမလိုအပ်လို့
ကျွန်တော် ပြစ်ချထားခဲ့တာတွေ
ချည်းပဲလေ "

လောင်ဝမ်ရယ်.....

" အခုရော အဲ့လို ချိန်တွေကို
မနှမြောဘူးလား? "

" နှမြောတယ် ဆိုတာကလေ ​ကော
အခုလက်ရှိ ရှိနေတဲ့ အရာတွေက
အရင်တုန်းက လောက် မကောင်းမှ
အရင် အချိန်တွေကို နှမြောတယ်လို့
သတ်မှတ်ကြတာ
အခုက ကျန့်ကောရှိနေတဲ့ အချိန်
တွေက ကျွန်တော့် အတွက်
အကောင်းဆုံးပဲ အဲ့တာကြောင့်
နှမြောတယ် ဆိုတာလည်း မရှိဘူး

ဘယ်လိုပြောရမလဲ တခါတလေ
သတိရတာလောက်လေးတော့
ရှိတာပေါ့ "

" ဒီစကားတွေသာ မင်း Fan တွေ
ကြားရင် ငါ့ကို ဝိုင်းရိုက်ကြမယ်
ထင်တယ် "

H O N E Y 🍯Where stories live. Discover now