4

1K 123 20
                                    

(scroll down for unicode version)

ပျော်သွားဟန် မျက်လုံးလေးတွေ မှိတ်သွားအောင် ပြုံးသွားတော့ Jonginလည်း သဘောတကျ လိုက်ရယ်မိစဉ် ပါးစပ်ထဲရောက်လာတဲ့ မီးခိုးငွေ့အချို့။

နွေးခနဲ ဖြစ်သွားတဲ့ နှုတ်ခမ်းထူတွေကို ယောင်ယမ်းကာ စမ်းနေမိတုန်းမှာပဲ Oh Sehunက ကျောခိုင်းသွားခဲ့ပြီ။

ရှက်အမ်းအမ်းဖြစ်တဲ့စိတ်နဲ့ အိပ်ရာဝင်သွားခဲ့တဲ့Jongin... Sehunကသူ့အိမ်လိပ်စာဘယ်လိုသိသလဲဆိုတာကို မစဉ်းစားခဲ့မိပါ။

######################

မနက်ကျောင်းရောက်ရောက်ချင်းမှာဘဲ မျက်နှာချင်းဆိုင်တွေ့တဲ့ အဲ့ဒီလူသား...။ Jonginမျက်နှာတွေပူတက်လာပြီး ရှောင်ဖို့လုပ်ပေမယ့် ဘာမှမထူးပါ။ Sehunက သူနဲ့တစ်ခန်းထဲလေ..။

"အိပ်ရေးဝပုံဘဲ Jongin.."

သူက ဘာမှမဖြစ်သလို စကားစလာသည်။ ညတုန်းကလို ဂျစ်ကန်ကန်ရုပ်လည်း မပေါက်နေဘဲ စံပြကျောင်းသားလေးလို ဖြူစင်နေပြန်သည်။

"မဝပါဘူး... ညကကောင်းကောင်းအိပ်မပျော်..အယ်..!"

ကိုယ်ကကိုယ့်အတွေးကို ကိုယ်သိလို့ ရပ်လိုက်ပေမယ့် Sehunကတော့ အင်မတန် စိတ်ပူသွားပုံပေါ်သည်။

"ဘာဖြစ်လို့လဲ..?! ဂိမ်းလည်းမဆော့ဖြစ်ဘူးမလား ညကလေ..!"

"ဂိမ်းကြောင့်မဟုတ်--"

"ဒါဆို..? ငါ့ကြောင့်လား..?"

"အဟွတ်!"

ချောင်းထဆိုးတဲ့ Jonginကို Sehunက ဘေးကနေ ခပ်ငေးငေးလေး ကြည့်နေသည်။ ဒီကောင်..! ဘာလဲ..! သူ့ကောင်မလေးနဲ့ မှားပြီး ငါ့ကိုနမ်းတာပဲ ဖြစ်မှာပါ..!။ သူဒါကိုတောင်းပန်မလို့ဘဲ ဖြစ်ရမယ်..။

"အဟမ်း အဟမ်း..! ဟုတ်တယ်.. မင်းကြောင့်လေ..."

"ငါတောင်းပန်ပါတယ်... နောက်ဆိုရင် ဆေးလိပ်သောက်နေရင်း မနမ်းတော့ဘူးလေ နော်..! မဟုတ်ဘူး.. မင်းရှေ့မှာပါ ဆေးလိပ်မသောက်တော့ဘူး... ညက ထိုင်နေတုန်းကို ငါ့ဆီကအငွေ့တွေမရှူမိအောင် အသက်အောင့်ထားတာ သိသားပဲ..! အာ... ရှုပ်ပါတယ်... ဆေးလိပ်ပါဖြတ်လိုက်တော့မယ်... ဒါဆို အနံ့လုံးဝရတော့မှာမဟုတ်ဘူး...။ နော်.. ! ဟုတ်တယ်... ဒါအကောင်းဆုံးပဲ... ဆေးလိပ်ဖြတ်မယ်..!"

Demeanor Where stories live. Discover now