(Scroll down for unicode version)
"သားအိပ်ရာထနောက်ကျသွားတယ်.. Appa..."
မီးခိုခန်းထဲမှာ ရပ်နေတဲ့appa ဘေးကို သွားပြီး ဆေးရမယ့်ပန်းကန်တွေဝင်ဆေးလိုက်သည်။
"ညက နှစ်နာရီထိုးတဲ့အထိ ဂိမ်းဆော့နေတာကိုး..! မင်း omma တောင် အလုပ်သွားပြီ..."
"အဟဲ.. TaeWookလေ.. သူ့အိမ်နဲ့အဆင်မပြေပြန်လို့ သားတို့ဝိုင်းအားပေးနေတာနဲ့..."
"အေးပါ.. သူငယ်ချင်းကောင်းတွေ ရထားတာ appa လည်းဝမ်းသာပါတယ်..။ ပေါင်မုန့်ရော အသားရော စားပွဲပေါ်မှာရှိပြီးသားနော်.. စားပြီးပန်းကန်ဆေးဖို့လည်းမမေ့နဲ့ဦး.."
"မမေ့ပါဘူးဗျ..။ appa သွားတော့မှာလား အခု?"
"အင်း..သွားတော့မယ်...။ အချိန်ကပ်ရောက်လို့မှမဖြစ်တာ..။ သား ဦးလေး Leeကိုပြောလိုက်ဦး... သားကိုကျောင်းပို့ပြီးရင် appa ဆီလာခဲ့ဖို့..."
"ဟုတ်ကဲ့.. ပြောလိုက်ပါ့မယ်...။ ကောင်းကောင်းသွားပါ Appa!"
ဆံပင်ကို အသာဖွကာ appa ထွက်သွားသည်။ Jonginလည်း မနက်စာ အမြန်စားကာ ကျောင်းသွားဖို့ပြင်ရသည်။ TaeWookက စိတ်လည်းသိပ်ပျော့တော့ အားလုံးအိပ်သွားကြတာတောင် Jonginမအိပ်နိုင်ဘဲ စကားဆက်ပြောပေးနေမိသည်။ ထင်မှတ်ထားတဲ့အတိုင်းပါဘဲ... အဖေကိုအရမ်းကြောက်တဲ့ TaeWookကို သူ့အဖေက စိတ်ရှုပ်ရှုပ်နှင့် ဖိဆူလိုက်တာကြောင့် ချက်ချင်းငိုချတော့မလို မျက်နှာနဲ့ ။ ကလေးဆန်တာမဟုတ်ပဲ ဒီလိုကြီးကြောက်နေတာကိုတော့ Jonginလည်းသဘောမကျ။
"ဦးလေး Lee...။ ကျွန်တော့ကိုပို့ပြီးရင် appa ဆေးရုံကို လိုက်သွားလိုက်ပါဦးနော်"
"အေးအေး... သားဒီနေ့နောက်ကျနေတာလား..."
"ဟုတ်.. နိုးတာလည်းနောက်ကျတယ်လေ.. ommaထွက်သွားတာတောင် မသိလိုက်ဘူး ဟီး..."
ဦးလေး Leeက ကျွန်တော်တို့အိမ်ရဲ့ ဒရိုင်ဘာ.. တစ်နည်းအားဖြင့် appaရဲ့ လူယုံကြီး။ ဒရိုင်ဘာဆိုပေမယ့် သူပို့ကြိုရတာ ကျွန်တော့တစ်ယောက်ထဲ..။ Appaရော Ommaရောက သူတို့ကိုယ်တိုင် ကားမောင်းပြီး သွားလာကြတာများသည်။
"တံခါးတွေသေချာပိတ်ခဲ့တယ်နော် Jongin??"
"ဟုတ်ကဲ့.. စိတ်ချ ဦးလေး..."