ကမ်းစပ်ကိုလာရောက်ရိုက်ခတ်နေတဲ့လှိုင်းတွေ
ကအဆက်မပြတ်။မှောင်မိုက်နေဆဲကောင်းကင်ယံ
မှာတော့ကြယ်တွေစုံနေပြန်တယ်။သဲသောင်ပြင်ပေါ်ထိုင်ကာ တွေဝေနေတဲ့ Jennie
လက်ထဲမှာကိုင်ထားသောကော်ဖီဘူးကအေးစက်
နေပြီ။သူမထိုင်နေတာလည်းအတော်ကြာနေပြီ။Jennie နဲ့မလှမ်းမကမ်းမှာရပ်နေတာက Lisa
သူမကို ခပ်တွေတွေလေးငေးကြည့်နေတယ်။
သူမနဲ့မျက်နှာချင်းဆိုင်ရမှာကိုတွန့်ဆုတ်နေသလိုမျိုး။တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲပြီးသွားတဲ့
ဆက်ဆံရေးတစ်ခုမှာ ပြန်တွေ့ကြတဲ့အခါ
စိတ်မသက်မသာဖြစ်ရတာစွဲလမ်းမှုကျန်နေသေး
လို့ပါ။သဲမြေကိုလှပ်တိုက်လာတဲ့ခြေသံတစ်ချို့ကို
သူမကြားရသည်။ သူမလှည့်မကြည့်မိ။
သူမရှေ့ထိအောင်လျှောက်လာတဲ့
ခြေထောက်တစ်စုံရဲ့ပိုင်ရှင်သာ Lisa ဖြစ်သည်။" Jennie "
ခေါ်သံကနူးညံ့နေပေမယ့်အေးစက်နေတယ်။
သူမမော့ကြည့်မိတော့ ခန့်ညားနေဆဲ။အရင်တိုင်း။သူလက်ထဲက ဘီယာဘူးတစ်ဘူးကို သူမကိုလှမ်းပေးတယ်။ မဆိုင်းမတွသူမယူလိုက်မိသည်။
ပြီးတော့ သူမဘေးနားကို သူထိုင်လိုက်သည်။ဘီယာဘူးကအသင့်ဖွင့်ပြီးသား။
သူဟာအသေးစိတ်ကအစဂရုစိုက်တတ်သူ။" သောက်ချင်နေမယ်ထင်လို့ "
" အင်း ကျေးဇူး "
သူမရဲ့ကျေးဇူး ဆိုတဲ့စကားကဟာသတစ်ခုထင်၏။
Lisa ခပ်တိုးတိုးလေးရယ်လိုက်တာ။" ငါတို့အရင်ကသောက်ခဲ့ကြဘူးတာသတိရလို့ "
" အင်း ငါရော "
တိတ်ဆိတ်သွားတဲ့အခြေအနေတစ်ခုဟာ
ပြောဖို့ကာစကားကုန်သွားလို့ပဲထင်သည်။
ေရလှိုင်းသံကိုမတိုးမကျယ်ကြားနေရသည်။
သူတို့လှမ်းကြည့်နေတဲ့ကောင်းကင်ပြင်ရဲ့
ထောင့်တစ်နေရာကကြယ်တစ်လုံးကြွေကြ
သွားတာကိုသူတို့တွေ့ရပေမယ့်နှစ်ယောက်လုံးက
မတုန်လှုပ်။" အဲ့တုန်းက "
ဘာအကြောင်းကိုပြောကြဖို့လည်းမသိပေမယ့်
စကားပြောသံကပြိုင်တူထွက်ပေါ်လာသည်။