လူတစ်ယောက်ကို ဘယ်လောက်အတိုင်းအတာထိ
သဘောကျနိုင်လိမ့်မယ်ထင်လဲ။
အဖြေမရှိတဲ့မေးခွန်းတွေကို လီဆာမကြိုက်ဘူး။သူကတော့ ဂျင်းနီကိုအသက်ရှင်နေသ၍
သဘောကျနေမှာပါ။သူကိုယ်တိုင်တောင်မမှတ်မိတဲ့အခြေအနေတစ်ခု
ရှိခဲ့တယ်လို့သူမပြောတော့မျက်လုံးစုံမှိတ်ယုံလိုက်
ပါတယ်။သူနဲ့ဂျင်းနီ ချစ်သူဖြစ်ပြီး တစ်ပတ်အကြာလောက်ကအချိန်တွေကိုသူပြန်တွေးမိသည်။
ဂျီဆူ ရဲ့မွေးနေ့ပါတီတစ်ခုကိုသတိရမိသည်။
ခင်မင်မှုဆိုတာမျိုးထက် ချယ်ယောင်းအခေါ်ကောင်းလို့ရောက်ဖြစ်ခဲ့သည်။ ထိုနေ့က ဂျင်းနီလည်းရှိနေသည်။အတူတူတွဲဖက်ရှာကာကကြရင်း
သောက်ကြစားကြရင်း လီဆာပူလောင်မှုဒဏ်ကို
ခံစားရချိန်မှာ တစ်စုံတစ်ယောင်၏ဖက်တွယ်မှုနဲ့အတူလေးလံသောခြေလှမ်းတွေက
သုခတွေရှိရာဆီသို့...ဘယ်သူမှန်းသေချာမသိအောင်မူးနေခြင်းက
သာမာန်မဖြစ်နိုင်ပါ။နောက်ထိုသူကိုဆွဲနမ်းလိုက်ရင်း လဲပြိုကျသွားသော
အချိန်ကာလတစ်ခု.. ဒီမှဆက်၍သူတွေးမရတော့ပေ။မနက်လင်းလို့နိုးလာတော့သူအရာအားလုံးအဆင်ပြေလျက်။ဂျီဆူရဲ့အိမ်အပေါ်ထပ်ကအိပ်ခန်းတစ်ခုအတွင်းမှာရောက်ရှိနေပြီ ညကဘာဖြစ်ခဲ့မှန်း
မသိတဲ့အဆုံးထထိုင်လိုက်ရင်း ဘယ်သူလဲဆိုတဲ့အတွေးကခေါင်းထဲမှာပဲ့တင်ထပ်စွာ..။" အ "
အတွေးတစ်ချို့ကြောင့် ဆစ်ကနဲကိုက်လာတဲ့ခေါင်းကိုသူလက်နဲ့ဖိထားလိုက်မိသည်။
ထိုအချိန် ခပ်ရေးရေးအလင်းရောင်ကိုမထင်မရှား
တွေ့လိုက်ရပြီး ပြန်ပျောက်ကွယ်သွားရသည်။" ဘာဖြစ်တာလဲ လီလီ "
" ဟင့်အင်း ရတယ် "
လီဆာ သူမလက်ကိုငြင်းဆန်လိုက်မိသည်။
" ကျွန်မဘာလို့ လမ်းခွဲစကားကိုလက်ခံခဲ့တယ်ထင်လဲ "
" ငါ့ကိုမချစ်နိုင်လို့မလား ရှင်းနေတာကို "
ဟန်မြစ်ကလေတွေကအအေးဓာတ်ကိုပိုမိုသယ်ဆောင်လာသည်။ သူ့ပေါင်ပေါ်တင်ထားသောသူမရဲ့လက်ကိုလီဆာ တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်မိသည်။