ဟိုးဝေးဝေးဆီကို...
လှမ်းကြည့်လိုက်တိုင်းအဆုံးမရှိတဲ့နေကြာခင်း။
တစ်မြော်တစ်ခေါ်ရွှေဝါရောင်းအဆင်းတွေရဲ့
ဖြစ်တည်မှုဟာ နေမင်းကနေစတင်သည်။နေ့စဉ်နဲ့အမျှ သူ့လုပ်ငန်းဆောင်တာကိုလုပ်ဆောင်
နေသောနေမင်းကြီးကိုငေးကြည့်ရင်း နေကြာတွေဟာ
အိုမင်းရင့်ရော်လာသည်။ ပွင်ဖက်တွေကြွေပြီး
အသစ်တစ်ဖန်ပြန်လည်ဖြစ််တည်လာခဲ့တာတောင်
နေမင်းကိုပဲအမှတ်မရှိစွာငေးကြည့်ရှင်သန်နေရသည်။ငါ ကိုယ်တိုင်နေကြာအဖြစ်ခံယူလိုက်တဲ့အခါ။
ငါ့ခန္ဓာကိုယ်ဟာဆေးပိုက်တွေနဲ့။
ငါ့စိတ်တွေ ရထားသံလမ်းတွေရောက်နေခဲ့ပြီ။
ဘူတာရုံအိုလေးဘေးကညနေဆည်းဆာတွေ။
ပြီးတော့ နေကြာတွေညိုးရော်နေတယ်။
ရထားဥသြဆွဲသံတွေကြားရပြီးနောက်
ရထားပေါ်ကဆင်းလာခဲ့သော မိန်းကလေးကို
ငါ မျက်စိတစ်ဆုံးငေးကြည့်နေမိသည်။နေကြာခင်းတွေဆီတိုးဝင်ပျောက်ကွယ်သွားသော
ထိုမိန်းကလေးက ငါ့ကိုအပြုံးတွေနဲ့နှုတ်ဆက်သွားတယ်။
ငါပြန်ချင်ပြီ။ငါ နေကြာခင်းတွေရဲ့အလွန်ကိုသွားကြည့်ချင်တယ်။
ငါ သွားကြည့်ချင်တယ်။ချောင်းတွေမြစ်တွေကိုငါမတွေ့ရဘူး။
ငါတွေ့ရတာ ရေကန်စပ်ကဒေစီပန်းခင်းတစ်ခု။
အဖြူရောင်တွေနဲ့ကြည့်ကောင်းလိုက်ခြင်း။
ငါသဘောကျတယ် ဒေစီတွေကို။
ငါ ဒေစီတစ်ပွင့်ခူးယူနမ်းရှိုက်မိသည်။
ငါ့နှုတ်ခမ်းဖျားကိုလာရောက်ထိတွေ့မှုက
နူးညံ့ညင်သာလွန်းသည်။6 နှစ်ခန့်ကြာပြီနောက်...
ဆေးပိုက်တွေတပ်ဆင်ထားစရာမလိုတော့ပေမယ့်
အောက်ဆီဂျင်တော့တပ်ဆင်ထားရသေးသည်။
လူနာဝတ်စုံနဲ့အသားကျနေသလိုထင်ရတဲ့
လူသားတစ်ယောက်ဟာ ဆေးရုံခုတင်ပေါ်မှာ
လှဲလျောင်းနေဆဲပါ။ခုတင်ခြေရင်းက name လေးကာ Lalisa Manoban.
သူလုံးဝသတိမရခဲ့တာ 6 နှစ်ရှိသွားပြီ။
အသက်သာရှူနေသေးပေမယ့် အကြောတွေက
အလုပ်မလုပ်ချင်တော့ပါ။ဆေးရဲ့တွန်းအားနဲ့
အသက်ရှင်နေတယ်ဆိုရုံမျှသာ။ဒီနေ့မနက် Ella လေးကျောင်းမသွားခင် သူ့ကိုလာကြည့်သည်။
သူ့ပါးလေးကိုဖွဖွလေးနမ်းကာသူ့လက်တွေကိုဆုပ်ကိုင်သွားသည်။
Ella ထွက်သွားပြီးမှ ခဏတာလှုပ်ရှားသွားတဲ့သူ့လက်ချောင်း။
ဘယ်သူမှသတိမထားမိခဲ့ပါ။