အပိုင်း၁

172 9 3
                                    

"ညီထက်​သန့်​"လို့​ခေါ်တဲ့ အသံက ဒီ​နေ့ကျမှ ပိုကျယ်​​နေသ​ယောင်
အ​မေရဲ့မျက်​နှာမှာရှက်​ရွံခြင်း​တေရှိ​နေတယ်
အ​မေဟာလူတိုင်းပါးစပ်​ဖျားမှာ​လေးစားအားကျရတဲ့ဆရာမတစ်​​ယောက်
အမှားလား
ဟင့်​အင်​ ကျွန်​​တော်​သိသ​လောက်​အ​မေဟာအမှားမရှိတဲ့လူတစ်​​ယောက်​ ကျွန်​​တော်​​ကြောင့်​သာမဟုတ်​ခဲ့ရင်​..........
"အ​မေကို​ပြောစမ်း သား" အ​မေကကျွန်​​တော်​ကိုအားကိုးတကြီးနဲ့လှမ်း​မေးတယ်
"သူများ​တွေ​ပြောသလို ငါ့သားကအ​ခြောက်​မဟုတ်​ဘူးမို့လား အ​မေ့ကို​ပြောစမ်းပါ"
နေ့တိုင်း​တွေ့​နေကျအ​မေရဲ့မျက်​နှာကလိုချင်​တာမရလို့ငို​နေတဲ့က​လေးတစ်​​ယောက်​ဟန်
"အ​မေ ကျွန်​​တော်​.."​ပြောမဲ့စကား​တွေကလည်​​ချောင်းမှာတစ်​ဆို့လာတယ်​ ကျွန်​​တော်​ဘယ်​လို​ပြောရမလဲ အ​မေရယ်​ "ကျွန်​​တော်​ အမှားလုပ်​မိပါတယ်​" အ​မေရဲ့မျက်​နှာမှာ အံသြခြင်းအပြည့်​နဲ့
အ​မေ့မျက်​ရည်​​တွေ အ​မေကကျွန်​​တော်​ကိုတစ်​ခုခု​ပြောချင်​​ဟန်
ကျွန်​​တော်​လက်​​မောင်းကိုဆွဲထားတဲ့လက်​​တွေတဖြည်းဖြည်း​လျော့ကျလာတယ်
"အ​မေ့!!!"လဲကျသွားတဲ့အ​မေကိုကြည့်​ပီးကျွန်​​တော်​ဘာလုပ်​ရမှန်းမသိ .
ဘေးအိမ်​ကလူ​တွေအကူအညီနဲ့အ​မေကို​ဆေးရုံ​ခေါ်သွားကြသည်​.
အ​မေကသိပ်​​ခေါင်းမာတယ်​ အ​ဖေကလည်း​ကျောင်းဆရာ ဒါမဲ့အ​မေကသူ့​မွေးရပ်​​မြေကိုသိပ်​ချစ်​တဲ့သူတစ်​​ယောက်​ တာဝန်​ကျရာ​နေရာကိုမသွားချင်​လို့ဆရာမအလုပ်​ကိုထွက်​ပီး
မွေးရပ်​​မြေမှာပဲပညာဒါနလုပ်​ပီးအ​ခြေချသတဲ့ အ​မေက​ခေါင်းမာတာကလွဲရင်​ကျွန်​​တော်​ကိုသိပ်​ချစ်​ပါတယ်
အ​ဖေကိုသူ​ပြောရမယ်​.သူဘယ်​လို​ပြောရမလဲ
ဒီအ​ကြောင်း​တွေကို...အ​ကြောင်းအရာ​တွေအစက​တော့........."ညီထက်​သန့်​ ငါနင့်​ကိုကြိုက်​တယ်​" ကျွန်​​တော်​တို့အတန်းထဲမှရူပါသင်းရဲ့အသံ"ငါမှမကြိုက်​တာ"ဒါပဲ​လေ ကျွန်​​တော်​ကလည်းမကြိုက်​ရင်​နည်းနည်း​လေး​တောင်​ဟန်​မ​ဆောင်​နိုင်​ပါ."နင်​က​ခြောက်​​နေလို့လား""နင်​က​ခြောက်​​နေလို့ငါ့ကိုမကြိုက်​တာ" ရူပါသင်းရဲ့စကားကရီစရာ​တော့​ကောင်းသား
"​အေး"ကျွန်​​​တော်​မှာတခြားအကြံမရှိ
သူကို​ရှေ့ကထွက်​သွား​စေချင်​မိသည်​.ထို​ကြောင့်​​ပြောလိုက်​ခြင်းဖြစ်​သည်​.
လက်​သီးကိုတင်းတင်းစုပ်​ပီးထွက်​သွား​သောသူမဟာ​ကြောက်​စရာ​ကောင်းမှန်းမသိခဲ့ရင်​ ကျွန်​​တော်​ဒီစကားကိုမ​ပြောခဲ့ပါ.
လူ​ဆိုတဲ့အမျိုးဟာမဟုတ်​တာဆိုသိပ်​ယုံကျတာမျိုး
ထို​နေ့မှစ၍ကျွန်​​တော်​ဟာ
"ညီထွက်​သန့်​က​လေ အိမ်​သာထဲမှာအလှ​တေပြင်​​နေတာတဲ့"
"ညီထက်​သန့်​က​လေ ငါ့အကိုရဲ့သူငယ်​ချင်းကိုစာ​ပေးတာတဲ့"
"ညီထက်​သန့်​က​လေ မိန်းမအကျီ​တွေဝတ်​တယ်​တဲ့"
စ​သောစ​သောသတင်း​တွေဟာကျွန်​​တော်​ကိုမတုန်​လှုပ်​​စေခဲ့
ကျွန်​​တော်​မှမဟုတ်​တာအဲ့​နေ့ကကျွန်​​တော်​သူငယ်​ချင်းကမျက်​လုံးထဲအမှုံဝင်​လို့ကျွန်​ကြည့်​​ပေးမိသည်​. ဒီခါ​တော့ကျွန်​​တော်​သိပ်​ကံဆိုးမိသည်​.ရုတ်​တရပ်​ ​ခြေ​ချော်​ပီး သူ့ရင်​ခွင်​ထဲကို​ခြေ​ချော်​သွားတဲ့အချိန်
အ​​မေကသတင်း​တွေကြားလို့ကျွန်​​တော်​လာ​စောင့်​ကြည်​ချိန်
ကျွန်​​တော်​ကံဆိုးသွားသည်​.
မျက်​ရည်​​တွေတရပ်​စပ်​ကျ​နေစဉ်​အ​မေကလည်းနိုးမလာ​သေး
ခြံ​ဘေးကဦး​လေးအသံ​ကြောင့်​ကျွန်​​တော်​​မော့ကြည့်​မိသည့်​"လူက​လေး မင်းအ​​မေ"မျက်​ရည်​​တွေကိုအမြန်​သုပ်​ပီးအ​မေ့ဆီအ​ပြေးလာမိသည့်
အ​မေကငိုတာမကြိုက်​ဘူး​လေ
အ​မေပုံစံကခါတိုင်းကနဲ့မတူ ကျွန်​​တော်​​ကြောက်​သည်​.
အ​မေရဲ့နှုတ်​ခမ်းပါးကအသံကတိုးလွန်းလို့မကြား
အ​မေတစ်​ခုခုကို​ပြောလိုက်​သည်​.​ဘေးနားကဆရာဝန်​ကြီးကိုအ​မေတစ်​ခုခု​ပြောလိုက်​သည်​.တဖြည်းဖြည်း မှိတ်​ကျသွား​သောမျက်​ဝန်းများနှင့်​အတူ ကျွန်​​တော်​ အသံကြီး​ခေါ်လိုက်​မိသည်​"အ​မေ!!!!"
အသက်​မရှိ​တော့ဘူးဆိုတဲ့ဆရာဝန်​ကြီးရဲ့အသံ
ကျွန်​​တော်​​ကြောင့်​.!
ကျွန်​​တော်​သာအမှားအလုပ်​မဟုတ်​ခဲ့ရင်​....အ​ခြောက်​လို့ကျွန်​​တော်​သာမ​ပြောခဲ့လျင်​ရင်​...နားထဲမှာတဝီဝီနဲ့အ​ခြောက်​ဆိုတဲ့အသံ​တွေဟာပဲ့တင်​ထပ်​​နေတယ်
ကျွန်​​တော်​သိပ်မုန်း​တယ်​ ကျွန်​​တော်​သိပ်​ကိုမုန်းမိသွားတယ်
အရာတစ်​ခုကို.........

Semeရဲ့အ​ကြောင်း​လေးပါ​နော်​ မ​ကောင်းတာ​တွေကို​ထောက်​ပြ​ပေးပါ​နော်​ အင်​ဂို👻

နှလုံးသားအားမှီငြမ်း၍Where stories live. Discover now