အပိုင်း၃

50 3 0
                                    

"ကျွန်​​တော်​ အ​မေ့ကိုနှုတ်​ဆက်​ခဲ့ပါတယ်​"ကျလုလုမျက်​ရည်​စကိုအသာသုတ်​လိုက်​တယ်
ဒီ​နေရာကထွက်​ခွာသွားနိုင်​ရင်​အနည်းဆုံး​တော့အဆင်​​ပြေမယ်​ထင်​သည်​.
ကျွန်​​တော်​​ကြောက်​တယ်​ အ​မေ့ရဲ့မျက်​ရည်​​တွေကိုညတိုင်းမြင်​​နေရတာလည်းအဆင်​မ​ပြေလှ.......
စိမ်းစိမ်းစိုစိုစပါးခင်း​တွေ ​နေကြာခင်း​တွေ လှလိုက်​တဲ့သဘာဝတရား ဒါ​တွေကိုမြင်​ပါလှ​​သော်​လည်း
စိတ်​ကမ​အေးချမ်းနိုင်
"​​​စဉ့်​ကိုင်း ပါလာဗျို့" ကားဆရာကြီးရဲ့အသံ​ကြောင့်​ အ​ဖေက
"ပါတယ်​ဗျ သားထ​တော့ ​ရောက်​​တော့မာ" ခုံ​အောက်​ကအိတ်​နှစ်​လုံးကိုအသာစွဲ၍စိတ်​မပါတစ်​ဝက်​ပါတစ်​ဝက်​နဲ့ဆင်းလိုက်​သည့်
အ​ဖေက​တော့ဒီ​မြေကိုအ​တော်​ချစ်​ပုံ
တစ်​လမ်း​ပြောလိုက်​သည့်​စကား
"သား​ရေ ရွာ​တောင်​ဘက်​မှာဆိုလက်​ပံပင်​​တွေ အများကြီးကွ
ငါ့သားပျင်းရင်​​ချောင်းဘက်​ထဲ​ရေသွားချိုးလို့ရတယ်​ကွ
အ​ဖေတို့အိမ်​​မြောက်​ဘက်​ ​နေကြာခင်းအ​ကျော်​မှာ ရထားလမ်းရှိသကွ" ၉တန်းဆိုတဲ့အရွယ်​ကငယ်​​တော့သည့်​အရွယ်​မဟုတ်
ကျွန်​​တော်​က​နေကြာခင်းထဲ​ပြေး​ဆော့​နေရမှာလား
"အ​ဖေ မ​ရောက်​​သေးဘူးလား" အ​ဖေကကျွန်​​တော်​​စိတ်​မရှည်​တာကိုရိပ်​မိသွားဟန်
"​ရောက်​​တော့မှာပါ ​ရှေ့​နားဆို"
ဟော ​တွေ့ပါပီ တစ်​အိမ်​လုံး​ရေနံဂျီးသုပ်​ထားပီး အိမ်​​ဘေးကဇီးပင်​ကြီးကကြိုဆို​နေ​ယောင်
"ပီတိ အ​ဖေပြန်​လာပြီကွ"
လူမရှိတဲ့အိမ်​ကြီးကိုအ​ဖေကအားကြိုးသနွဲ့​အော်​​ပြောလိုက်​တယ်
အ​ဖေရူးများ​နေပါစ
"ပီတိ  မင်းညီ ​နေကြာခင်းဘက်​သွား​ဆော့ပြန်​ပီနဲ့တူပါတယ်​ကွ  အ​ဖေသွား​ခေါ်လိုက်​အုံးမယ်​" အိမ်​ထဲ​တောင်​​ခြေမချရ​သေး
အ​ဖေကအဲ့​ကောင်​ကိုသိပ်​ချစ်​ပါလှစ
"အ​ဖေနားပါ ဘယ်​နားမှာလဲ ကျွန်​​တော်​သွား​ခေါ်လိုက်​မယ်​"
အ​ဖေကအနည်းငယ်​ပြုံးပြပီး
"ဟိုမှာ​တွေ့လား အဲ့​နေကြာခင်းနှစ်​ခင်း​ကျော်​ရင်​ရထားလမ်းရှိတယ်​ အဲ့ဘက်​​နေကြာခင်းမှာမင်းညီရှိတယ်​" ​နေကြာခင်းအတူတူကို
ဝေးလံ​ခေါင်​ဖျားမှသွား​ဆော့တဲ့အ​ကောင်
"ဟုတ်​ ကျွန်​​တော်​သွား​ခေါ်လိုက်​မယ်​"
နေပါအုံး သူ့ကို​တွေ့ရင်​ဘယ်​လို​ခေါ်မရလဲ
ညီ​လေး? ပီတိ?
"ကိုကို!"
ဟမ်​ ငါကြားလိုက်​​လေစွ
"ဟာ ပုံထဲကကိုကို " ကြားပြန်​ပီအသံ​သေး​လေး
အသံရှိရာဘက်​သို့လှည့်​ကြည့်​လိုက်​​တော့
တွေ့ပါပြီ စွပ်​ကျယ်​ချိုင်းပြတ်နဲ့​ဘောင်းဘီတိုနဲ့
ဟင်​ ​ဖွေးလှချည်​လား မျက်​လုံး​လေး​ပေကလပ်​ဖြင့်​ကျွန်​​တော်​လှမ်းကြည့်​​နေသည်​.
    "ကိုကို"​ပြေးလာပီ ကျွန်​​တော်​ဆီ
"အင့်​"ခါးကိုသိုင်းဖက်​လာ​သောလက်​က​လေး
"ကျွန်​​တော်​ ကိုကိုကို့လွမ်း​နေတာ ပုံထဲမှာထက်​ကိုကိုကပို​ချောတယ်​ ဟီးဟီး "
ရှိရှိသမျှသွားကိုအသားကိုဖြီးပြ​နေပါ​လေ​ရော
"မင်းကပီတိလား"
"ဟုတ်​တယ်​​လေ ဒီမှာ​တွေ့လား ဒီလို့မှဲ့မျိုးပီတိမှာပဲရှိတာဗျ"
နှာ​ခေါင်းထိပ်​ကမှဲ့ကိုအားတက်​သ​ရောထိုးပြလိုက်​​သောသ​ကောင့်​သား
"အင်း ပြန်​မယ်​ အ​ဖေက​ခေါ်ခိုင်းလိုက်​လို့"
"ဟုတ်​ ကိုကို"
"ငါ့ကိုလွှတ်​အုံး"ကျွန်​​တော်​​ပြော​တော့ ဖက်​ထား​သောလက်​က​လေးကိုဖြုတ်​ချလိုက်​သည်​.
သွား​တော့မဲ့ဆဲဆဲမှာကျွန်​​တော်​လက်​သန်းကိုချိတ်​လာ​သောလက်​က​လေး
"လာ​လေ ကိုကို"
"အင်း"
လူတစ်​​ယောက်​ရဲ့လက်​ကိုတွဲပီးလမ်း​လျောက်​ဖူးတာပထမဆုံးကြိမ်
"ကိုကိုကကျွန်​​တော်​တို့နဲ့​နေမှာလား"
"အင်း"
"ကိုကိုနဲ့ထမင်းတူတူစားလို့ရပီ"
"အင်း "
"​ကိုကိုနဲ့ကစားမယ်​"
"အင်း"
"ကိုကိုနဲ့​ရေချိုးမယ်​"
"ဟင်​"
"ကိုကိုနဲ့တူတူအိပ်​မယ်​"
"ဘာကွ"



အင်​ဂို❤

နှလုံးသားအားမှီငြမ်း၍Where stories live. Discover now