အပိုင်း၁၁

37 8 2
                                    

"ကိုကို ..ကိုကို​ကျောကလည်း ဂျီး​တွေများကြီးပဲ"
ချောင်းစပ်​မှ​ရေချိုးရင်း ဂျီးတွန်းခိုင်း​တော့ ​အောင့်​ကာ​ဆောင့်​ကာနှင့်​ ​ပြောလာသည်

"ပီတိ"

"ဗျာ"

"ငါ ရန်​ကုန်​သွားမလို့"

"သား​ရော လိုက်​မယ်​​လေ"

"မဟုတ်​ဘူး.. .ရန်​ကုန်​ကိုအကြာကြီးသွား​နေရမှာ"

ကျွန်​​တော်​​ပြောတာကိုနားလည်​ပီး တဖြည်းဖြည်း နှင့်​ ဂျီးတွန်း​ပေး​နေတဲ့ လက်​က​လေးက ​လျော့ကြသွားသည်

"ကိုကိုက...ဘယ်​ချိန်​မှပြန်​လာမှာလဲ"

"ငါ...မသိဘူး"

"မရဘူး ....သားလည်းလိုက်​မယ်​....."

ငိုမှာဆိုးလို့​ပြောကာမှပိုတိုးပီးငိုလာသူ
ဘယ်​လို​ချော့ရမှန်းမသိ
ကျွန်​​တော် လည်း သူနဲ့မခွဲချင်​ပါ
"ပီတိ ကိုကို​ပြောပြမယ်
ကိုကိုခုသွားတာက အ​ပျော်​မှမဟုတ်​တာ
ကိုကိုလည်း မသွားချင်​ပါဘူး
ဒါမဲ့ ကိုကိုဘွဲ့ရပီးအလုပ်​ရမှ...."

"ကိုကိုက​အောင်​မှာမို့လို့လား!!!!"

ကြည့်စမ်း
ငါ့ကိုများ...

"​အောင်​မှာပါကွာ
ပီတိလည်း စာကြိုးစား ပီးရင်​ကိုကိုဆီလာခဲ​လေ
ကိုကို ​ကျောင်းပိတ်​ရင်​ ပြန်​လာမှာပါ"

"ကတိ​နော်​"

ကျွန်​​တော်​ရှေ့က​မျောက်​​လောင်း​လေးပြုံး​နေ​စေဖို့ရာ
ကတိကိုမြန်​မြန်​​ပေးလိုက်​သည်

ကိုကို ကတိမတည်​ခဲ့ပါ...
ကိုကိုက သူ​ပြောသလိုပဲ ဆယ်​တန်းကိုနှစ်​ချင်း​ပေါက်​​အောင်​ခဲ့သည်
ကိုကိုက ရွာကိုတခါမှပြန်​မလာပါ..
ကိုကိုphဆက်​တိုင်းလည်း ကျွန်​​တော်နှင့်​မ​တွေ့
ဖေ​ဖေက​တော့​ပြောပါသည်
ကိုကိုကကျွန်​​တော့်​ကိုအမြဲ​မေးတယ်​တဲ့
ကျွန်​​တော် ဟာ ကိုကို့လို မ​တော်​လို့ ဆယ်​တန်းနှစ်​ခါ​တောင်​​ဖြေလိုက်​ရသည်
ကိုကိုနဲ့မ​တွေ့ရတာ ​လေးနှစ်​ရှိပီမို့ ​သေ​လောက်​​အောင်​​တွေ့ချင်​ပါသည်

"​ဖေ​ဖေ"
ဖေ​ဖေဟာ​သောက်​လက်​စ ​ရေ​နွေးပန်းကန်​ကိုချကာ
ကျွန်​​တော်​ကိုကြည့်​သည်
"သား ကိုကို့ဆီလိုက်​သွားချင်​လို့"

ဖေ​ဖေသည်​ အနည်းငယ်​ပြုံးပြပြီး
ခေါင်းညိတ်​ပြသည်

ကိုကိုနဲ့​တွေ့ရ​တော့မှာမို့ သွင်​အရမ်း​ပျော်​သည်
ရန်​ကုန်​ဆိုတာဘယ်​လို​နေရာမျိုးမှန်းသွင်​မသိ
သွင်​ သိတာ ကိုကိုနဲ့​တွေ့ချင်​သည်

ဖေ​ဖေက​တော့​ပြောပါသည်
ကိုကို သွင်​ကိုလာကြိုမယ်​တဲ့
ကိုကို ဟာ အရင်​ကထက်​အရပ်​​ဘယ်​​လောက်​များရှည်​​နေမည်​နည်း
အသားအ​ရေက​ရော ​ပြေားရာမလို​အောင်​ နုဖတ်​​နေမည်​မလား
သွင်​ ကိုကို့အရမ်း​တွေ့ချင်​​နေပီ......

"ခရီးသည်​များရှင့်​ ရန်​ကုန်​ကိုဆိုက်​​ရောက်​လာပါပြီ"

သွင်​သည်​ ပါလာ​သောအထုပ်​နှစ်​ထုပ်​ကိုဆွဲကာ
ခပ်​မြန်​မြန်​​လေး ကိုကို့ကိုရှာ​ဖွေမိသည်

ကိုကို ခုထိလာမကြို​သေးတာလား.....

"ပီတိသွင်​ "

သွင်​၏ရင်​ခုန်​သံသည်​ ကားကွင်းမှ ကားများ၏ ဟွန်းတီးသံထက်​​တောင်​ ပိုပီး ကျယ်​​လောင်​လာသည်

"ပီတိလား"

သွင်​သည်​အသံရှိရာဘက်​သို့​ဖြေး​ဖြေးချင်းမျက်​နှာမူကြည့်​မိသည်

ထိုလူသား
အသံကြားယုံနဲ့လူကိုပြုံး​စေနိုင်​​သောလူသား

"ကိုကို...."

လေးနှစ်​လုံးလုံးမ​ခေါ်ခဲ့ရ​သော နာမ်​စား​လေး
သွင်​သည်​ ​ရှေ့မှာ ရှိေ​န​သော ကိုကို့အား အားကုန်​ပစ်​ကာ
ဖက်​လိုက်သည်

"အင့်​.."

ကိုကိုဆီက အသံ​လေး

"လွမ်း​နေတာ
ကိုကို့ကို သွင်​အများကြီးလွမ်း​နေခဲ့တာ"

ဂုတ်​ပိုးကိုကျလာ​သော ကိုကို့ဆီက အသက်​ရူသံ​လေးကပိုမြန်​​နေသ​ယောင်​..

ကိုကို ရင်​များခုန်​​နေသလား....

သာသာ update ကြာသွားတယ်
Sorry nw😘
သာသာ ဒီအပိုင်း​လေးကို အပမ်းမကြီးရင်
ဝေဖန်​​ပေးကြပါအုံး​နော်
အင်​ဂို❤


You've reached the end of published parts.

⏰ Last updated: Jul 03, 2020 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားအားမှီငြမ်း၍Where stories live. Discover now