အပိုင်း၁၀

33 5 1
                                    

  ကျွန်​​တော် စာ​မေးပွဲ ​ဖြေပီး နား​တောင်​မနားလိုက်​ရပါ
အ​ဖေက ဦး​လေး နဲ့ရင်းနှီး​အောင်​လို့ဆိုပီး
ဖြေပီးပီးချင်း ရန်​ကုန်​ကိုသွားခိုင်းသည်

ကျွန်​​တော် သွားရင်​ အာပြဲ​အောင်​ငို​နေမဲ့သူကိုမြင်​​ယောင်​ပါ​သေးသည်

"အ​ဖေ ဟို ကျွန်​​တော်​ ​နောက်​နှစ်​ရက်​​လောက်​​နေမှ
သွားလို့ရမလား"

"ရ​တော့ရပါတယ်
မင်းဦး​လေးက​ခေါ်​နေတာကို"

"ဒါမဲ့........"

"​အေး​အေး သားသ​ဘောပါ"

စာ​မေးပွဲ ပြီး​တော့ ​သောင်​ပြင်​မှာလွတ်​တဲ့​ခွေးလိုလွတ်​လပ်​လှသည်

ပြီး​တော့လွမ်းသည်

"ကိုကို!!!!!"

တစ်​​နေကုန်​သွား​ဆော့လာပီးမှ ကျွန်​​တော် စာ​မေးပွဲ ​ပီးတာကို​တောင်​ လာမကြိုဘူး

"ဘာလဲ "

"သား ကိုကို့ကိုလွမ်း​နေတာ"

"လွမ်းလို့တာ​နော်​ ငါ့ကိုလာ​တောင်​မကြိုဘူး"

"မဟုတ်​ပါဘူး သားလိုက်​မလို့ပါပဲ
ဖေ​ဖေက ကိုကိုပြန်​လာရင်​ စားဖို့ သရက်​သီးသွားခူးခိုင်းလို့"

"ဘာ ......မင်း..မင်း အဲ့အပင်​​ပေါ်တက်​ပြန်​ပီလား"

ကျွန်​​တော် ​ပြော​တော့​ခေါင်းကိုပြုတ်​ထွက်​မတက်​ခါပြပီး

"မဟုတ်​..မဟုတ်​ပါဘူး...သား...သူငယ်​ချင်း က..."

"ဘယ်​သူငယ်​ချင်းလဲ....ဘယ်​သူငယ်​ချင်းလဲ လို့....."

"ဟို...ကိုကို...."

"ဟိုက​လေးလား....​တောက်​"

ကျွန်​​တော်​မကြိုက်​ပါဘူးဆို​နေမှ
ပြောလိုက်​ရင်​လည်းမျက်​နှာငယ်​​လေးနဲ့
သူနဲ့ဆက်​​ပြော​နေရင်​ ​ဒေါသပဲဖစ်​ရမှာမို့
သွားဟန်​ပြင်​​တော့

"ဘယ်​လဲ ကိုကို"

"​ချောင်း​ရေ သွားချိုးမလို့​ဟေ့....."

"လိုက်​.....လိုက်​ခဲ့မယ်​​နော်​"

"​နေခဲ့"

"ဟွန့်​ လိုက်​ခဲ့မယ်​ လို့"

"သား ကချိုးချင်​လို့ပါ"

တွေ့​မယ်​​တွေ့မယ်
ချောင်းထဲ​ရောက်​မှ​ရေနစ်​ပစ်​အုံးမယ်

ချစ်​တဲ့အင်​ဂို
Update မှန်​​အောင်​ကြိုးစားမယ်​​နော်
ချစ်​က​လေးတို့

နှလုံးသားအားမှီငြမ်း၍Where stories live. Discover now