နို-၇
ညည့္နက္မွျပန္လာတတ္တဲ့အေဖကို
ေကာ္ဖီတလွည့္၊သံပုရာရည္တလွည့္ျဖင့္
မူပိုခြၽဲႏႊဲ ့ကာ
ျမန္မာ့ရာဇ၀င္ေတြ၊ဘုရားဇာတ္ေတာ္ေတြကို
ေျပာျပဖို႔ပူဆာခဲ့တယ္။
၁၀နွစ္ေတာင္မ်ွမျပည့္ေသးတဲ့ကေလးငယ္အတြက္ေတာ့
ဆန္းၾကယ္မကဆန္းၾကယ္လြန္းတဲ့စိတ္၀င္စားဖြယ္ရာေတြပဲမဟုတ္လား။
မၾကာခဏနိူဖတ္ဖို႔စာအုပ္ေလးေတြ၀ယ္ေပးခဲ့တဲ့အေဖဟာ
စာဖတ္ျခင္းေ၀ဒနာကို
နိုရဲ႕စိတ္၀ိဉာဥ္မွာပ်ိဳ းေထာင္ခဲ့တယ္။
အိပ္ေပ်ာ္ေနခ်ိန္လာေရာက္က်ီစယ္ခဲ့တာေတြ၊
ေလယာဥ္ပ်ံလုပ္တန္းေဆာ့ျဖစ္ခဲ့တာေတြ
အရက္ျဖဴ ကိုအခ်ိဳ ရည္အမွတ္နဲ႔ေသာက္ခဲ့မိတာေတြကအေဖနဲ႔ပတ္သတ္တဲ့နိုရဲ႕ေပ်ာ္စရာအမွတ္တရေကာင္းေလးေတြေပါ့။တနဂၤေႏြတိုင္းသြားခဲ့ရဖူးတဲ့ေခါင္မိုးထပ္က
HAPPY WORLDႀကီးကနိုအတြက္ နိဗၺာန္ဘံုေလးတစ္ခုပါပဲ။
ေခါင္မိုးထပ္မွာ ေလတျဖဴ းျဖဴ းၾကားက
မ်က္လွည့္ဆရာရဲ႕ျပကြက္ေတြကိုအထူးအဆန္းျဖစ္လြန္းလို႔
မ်က္လံုးအ၀ိုင္းသားနဲ႔မ်က္ေတာင္မခတ္ၾကည့္ခဲ့ရတဲ့အခ်ိန္ဟာ
အတိတ္မွာက်န္ရစ္ခဲ့ပါၿပီ။
HAPPY WORLDႀကီးပိတ္သြားခဲ့ျခင္းနွင့္အတူ
နိုတို႔မိသားစုေလးရဲ႕ရက္ရာဇာေတြလည္းေပ်ာက္ဆံုးခဲ့ရၿပီ။နို-၇
ညည့်နက်မှပြန်လာတတ်တဲ့အဖေကို
ကော်ဖီတလှည့်၊သံပုရာရည်တလှည့်ဖြင့်
မူပိုချွဲနွှဲ့ကာ
မြန်မာ့ရာဇ၀င်တွေ၊ဘုရားဇာတ်တော်တွေကို
ပြောပြဖို့ပူဆာခဲ့တယ်။
၁၀နှစ်တောင်မျှမပြည့်သေးတဲ့ကလေးငယ်အတွက်တော့
ဆန်းကြယ်မကဆန်းကြယ်လွန်းတဲ့စိတ်၀င်စားဖွယ်ရာတွေပဲမဟုတ်လား။
မကြာခဏနိူဖတ်ဖို့စာအုပ်လေးတွေဝယ်ပေးခဲ့တဲ့အဖေဟာ
စာဖတ်ခြင်းဝေဒနာကို
နိုရဲ့စိတ်၀ိဉာဉ်မှာပျိုးထောင်ခဲ့တယ်။
အိပ်ပျော်နေချိန်လာရောက်ကျီစယ်ခဲ့တာတွေ၊
လေယာဉ်ပျံလုပ်တန်းဆော့ဖြစ်ခဲ့တာတွေ
အရက်ဖြူ ကိုအချို ရည်အမှတ်နဲ့သောက်ခဲ့မိတာတွေကအဖေနဲ့ပတ်သတ်တဲ့နိုရဲ့ပျော်စရာအမှတ်တရကောင်းလေးတွေပေါ့။တနင်္ဂနွေတိုင်းသွားခဲ့ရဖူးတဲ့ခေါင်မိုးထပ်က
HAPPY WORLDကြီးကနိုအတွက်နိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။
ခေါင်မိုးထပ်မှာ လေတဖြူးဖြူးကြားက
မျက်လှည့်ဆရာရဲ့ပြကွက်တွေကိုအထူးအဆန်းဖြစ်လွန်းလို့
မျက်လုံးအ၀ိုင်းသားနဲ့မျက်တောင်မခတ်ကြည့်ခဲ့ရတဲ့အချိန်ဟာ
အတိတ်မှာကျန်ရစ်ခဲ့ပါပြီ။
HAPPY WORLDကြီးပိတ်သွားခဲ့ခြင်းနှင့်အတူ
နိုတို့မိသားစုလေးရဲ့ရက်ရာဇာတွေလည်းပျောက်ဆုံးခဲ့ရပြီ။
YOU ARE READING
နို
Short Storyလူသားတစ္ေယာက္ တနည္းအားျဖင့္မိန္းမငယ္ေလးတေယာက္ သူမဟာၾကမ္းတမ္းခက္ခဲတဲ့ဘ၀ခရီးလမ္းကိုေလ်ွာက္ေနရတာေတာ့မဟုတ္ဘူး။ သူမရဲ႕စိတ္ပိုင္းဆိုင္ရာကေတာ့ၿပိဳလဲေနခဲ့တယ္။ သူမဟာႀကိဳ းစားရွင္သန္တယ္။စိတ္ပိုင္းဆိုင္ရာခံစားခ်က္ဆိုးေတြကေနအေ...