နို-၁၅
ဝမ်းနည်းမိပါတယ်။
အတူဆော့ကစားပေးခဲ့တဲ့ကလေးငယ်
ရန်ဖြစ်ခဲ့ဖူးတဲ့ကလေးငယ်ဟာ
ကိုယ့်မျက်စိရှေ့မှာကြီးပြင်းလာတယ်။
မိဘတွေရန်ဖြစ်တိုင်းကြောက်လို့ပုန်းနေတတ်တဲ့ကလေးငယ်ဟာ
ကိုယ့်ကိုပြန်ရန်တွေ့တတ်လာတယ်။
သူ့ဘက်မှာရပ်တည်ပေးခဲ့တဲ့ကိုယ်ဟာ
သူ့ဘက်ကအတုံ့အပြန်ကိုမမျှော်လင့်ခဲ့မိပေမယ့်
တကယ်တမ်းကိုယ့်ဘက်မှာမရပ်တည်တဲ့အခါ
၀မ်းနည်းမိပါတယ်။
ကိုယ့်မျက်လုံးထောင့်ကိုကတ်ကြေးနဲ့ပစ်ပေါက်ခဲ့တဲ့ကလေးဟာ
ခုထိတိုင်ကိုယ့်အပေါ်အနာတရဖြစ်အောင်ပြုဆဲပါပဲ။
မျက်လုံးထောင့်ကအမာရွတ်ဟာပျောက်ကွယ်သွားပေမယ့်
ထိုကလေးငယ်ရဲ့အကျင့်ဟာမပျောက်ကွယ်ခဲ့ပါဘူး။
YOU ARE READING
နို
Short Storyလူသားတစ်ယောက် တနည်းအားဖြင့်မိန်းမငယ်လေးတယောက် သူမဟာကြမ်းတမ်းခက်ခဲတဲ့ဘ၀ခရီးလမ်းကိုလျှောက်နေရတာတော့မဟုတ်ဘူး။ သူမရဲ့စိတ်ပိုင်းဆိုင်ရာကတော့ပြိုလဲနေခဲ့တယ်။ သူမဟာကြိုးစားရှင်သန်တယ်။စိတ်ပိုင်းဆိုင်ရာခံစားချက်ဆိုးတွေကနေအေ...