နို-၁၃
ကျောင်းရဲ့ကြော်ငြာဘုတ်မှာကတ်ထားတဲ့ကိုယ့်နာမည်။
တစ်ကျောင်းလုံးရဲ့ဒိတ်ဒိတ်ကြဲတွေက်ုကျော်နိုင်ခဲ့တာမို့အပျော်လွန်ပြီးကြော်ငြာဘုတ်ဆီအပြေးလေးသွားခဲ့မိတာပေါ့။
"ငါဆုရဖူးပြီ"
နိုမေ့သွားတာပဲ။နို-၁၃
ဆုပေးပွဲဆိုတာမိဘတွေဂုဏ်ဆာဖို့ကျင်းပတဲ့ပွဲမို့
ဆုမရချင်တဲ့ကျောင်းသားရယ်လို့မရှိကြဘူး။
နိုလည်းမထင်မှတ်ဘဲရခဲ့တဲ့ပထမဦးဆုံးဆုလေးတစ်ခုရှိခဲ့တယ်။
တစ်ကျောင်းလုံးမှာပထမတဲ့။
ကျောင်းရဲ့ကြော်ငြာဘုတ်မှာကပ်ထားတဲ့ကိုယ့်နာမည်။
တစ်ကျောင်းလုံးရဲ့ဒိတ်ဒိတ်ကြဲတွေကိုကျော်နိုင်ခဲ့တာမို့အပျော်လွန်ပြီးကြော်ငြာဘုတ်ဆီအပြေးလေးသွားခဲ့မိတာပေါ့။
"ငါဆုရဖူးပြီ"
နိုတီတိုးရေရွတ်မိခဲ့ပါတယ်။
အိမ်ရောက်တော့အားရ၀မ်းသာစွာပြောဖို့ရာအမေတစ်ယောက်သာရှိခဲ့တယ်။
အဖေကိုလည်းပြောပြချင်တယ်။
"အဖေဘယ်မှာလဲ"နိုစဉ်းစားလိုက်တယ်။
အဖေထွက်သွားခဲ့တာ၂နှစ်ကျော်ပြီပဲ။
အိမ်ကိုလာရှာတတ်လို့ပုန်းနေခဲ့ရဖူးတာတွေကို
နိုမေ့သွားတာပဲ။
YOU ARE READING
နို
Short Storyလူသားတစ်ယောက် တနည်းအားဖြင့်မိန်းမငယ်လေးတယောက် သူမဟာကြမ်းတမ်းခက်ခဲတဲ့ဘ၀ခရီးလမ်းကိုလျှောက်နေရတာတော့မဟုတ်ဘူး။ သူမရဲ့စိတ်ပိုင်းဆိုင်ရာကတော့ပြိုလဲနေခဲ့တယ်။ သူမဟာကြိုးစားရှင်သန်တယ်။စိတ်ပိုင်းဆိုင်ရာခံစားချက်ဆိုးတွေကနေအေ...