ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏 အပိုင်း (၂၇)

958 29 0
                                    

ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏

အပိုင်း (၂၇)

နံနက်စောစော မင်းခန့်အကို ဖြစ်သူက သံစဉ်ဖုန်းကိုဆက်သွယ်လာသဖြင့် ဦးမင်းဆီ ဖုန်းယူပြီးပြေးသွားလိုက်သည်

''ဦးမင်း. . . .ဖုန်းလာနေတယ်. . ကိုကြီး ဇွဲခန့်မောင် ဆီက . . .ဦးမင်းနဲ့ ပြောချင်လို့တဲ့. . 

အခန်းရှေ့ကနေ ပြောလိုက်တော့ နိဒါန်းက အခန်းထဲက ထွက်လာသည် ။

ဖုန်းကို ယူပြီး. .

''hello. . . ကျွန်တော် နိဒါန်းပါ. . . .

''အင်း. . .ကိုနိဒါန်း. . . စုံစမ်းခိုင်းထားတဲ့ကား ကိုစုံစမ်းလို့ရပြီ. . . ဒါပေမယ့်. . . .

''ဒါပေမယ့် ဘာလို့လဲ. . . .

''စိတ်တော့မကောင်းပါဘူး. . ကျွန်တော်လဲ ထင်မထားမိခဲ့ဘူး. . . . . ကျွန်တော် ကိုယ်တိုင်တောင် ပြောမထွက်ပါဘူး. . . .

''ရပါတယ် ပြောပါ. . . .

''ကိုနိဒါန်း အဲ့  ဒီ ကားကိုတကယ်မ မှတ်မိတာလား . . . .
အဲ့ ဒီကားက  ကိုနိဒါန်း ရဲ့ အကို ဝင်းကွဲ ကားပါ. . . .

''ဟင်. . .!!!!

"ကိုနေသူရိန် ကားပါ. . ကျွန်တော်တောင် အံသြသွားတယ် . . . .     ကျွန်တော် ဒီထက်သေချာအောင် ဆက် စုံစမ်းပေးပါ့မယ်.   . . . သိသလောက်လှမ်းပြောပြတာပါ ပိုသတိထားဖို့ပေါ့. . . . .

''ကျေးဇူးပါ . . ကိုဇွဲခန့်မောင်. . . .

နိဒါန်း ဖုန်းပြောခြင်းကို ရပ်တန့်လိုက်ပြီး  နံရံ ကိုမှီ ပြီး ရပ်နေမိသည်  ။ သူ နားကြားမှားသွားခဲ့တာလား. . . .
နားကြားများမှားသွားခဲ့တာလား. . . .  ကိုနေ ကားတွေ သူ အကုန်မသိ တာကအမှန် . . . ဘယ်ကားစီးတယ် ဘယ်ကားလဲလိုက်တယ် သူ ဘယ်တုန်းက မှစိတ်ဝင်တစားမကြည့်ဖြစ်ခဲ့. . . . .

သံစဉ်ရှေ့မှာ မျက်မှောက်ကြုံပြီး  ကျောက်ရုပ်လိုရပ်နေသည့် နိဒါန်းကို သံစဉ် လက် ချင်း ထပ်ပြီး လက်ကို စုပ်ကိုင်လိုက်မှ အသက်ဝင်လာသည့် ကျောက်ရုပ်လို သံစဉ် ကိုကြည့်သည် ။

''ဘယ်သူတဲ့လဲ. . မိပြီတဲ့လား ကားသမားရှာတွေ့ပြီ တဲ့ လား. . . ဘာလို့လဲ. . .

ကျိန်စာသင့်သတိုးသားနှင့်နတ်ရေးသည့် ဖူးစာWhere stories live. Discover now